ကိုယ်ဟာ မိသားစုထဲမှာ အငယ်ဆုံး.....
သူငယ်ချင်းတွေထဲမှာဆိုလဲ အငယ်ဆုံး....
နောက်ပြီး ခင်သူမင်သူ ရင်းနှီးသူတွေထဲမှာတောင် ကိုယ့်ထက် ငယ်တဲ့သူက ခပ်ရှားရှားရယ်.....နောက်ပြီး ကိုယ့် Stan ခဲ့ဖူးတဲ့ မင်းသမီးတစ်ယောက်ရဲ့ FDထဲမှာဆိုလဲ ကိုယ်က အငယ်ဆုံး.....အဲ့တော့ နေရာတကာ အငယ်ဆုံးနဲ့ ဗိုလ်အကျဆုံး သုငယ်ပါပဲ.....ကိုယ်ထက်ငယ်တဲ့လူဆိုမခင်ချင်တဲ့သုငယ်.....
ဒီလိုနဲ့တစ်နေ့ ဘာမှ ထူးထူးခြားခြားတော့မဟုတ်ပေမဲ့ FDထဲ ကောင်မလေးတစ်ယောက်ဝင်လာတယ်.....Mary Watson ဆိုတဲ့
Nameလေးနဲ့အတူ......ဒီလိုနဲ့ စကားတွေပြောဖြစ်ကြတယ်....သူကကိုယ့်ထက်အငယ်ဖြစ်နေတယ်.....
ကိုယ်ထက်ငယ်တဲ့လူဆို သိပ်မခင်တတ်တဲ့ကိုယ်က သူနဲ့တော့အဆင်ပြေတယ်....သိပ်မရင်းနှီးခင်မှာ တွေးမိတာက ဒီကလေးမက ရင့်ကျက်တာပဲလို့.....သူစကားပြောပုံတွေက ကိုယ့်ထက်ငယ်ပါတယ်လို့ ယုံချင်စရာတစ်စက်လေးမှမရှိပဲ......အမှန်တကယ်တော့ ထိုကလေးမလေးက ရင့်ကျက်နေတာမဟုတ်ဖူး စိတ်ဒဏ်ရာရနေတဲ့ ကလေးလေးတစ်ယောက် မိသားစုအရေး တစ်ခြားအရေးကိစ္စတွေနဲ့ အတိုက်အခိုက်တွေကြုံတွေ့နေရတဲ့ကလေးတစ်ယောက်
အမြဲတမ်းစိတ်ဓာတ်ကျနေပြီး လောကကြီးကိုအရှူံးပေးချင်နေတဲ့ကလေးတစ်ယောက်......အပြင်မှာမမြင်ဖူးမတွေ့ဖူးတဲ့လူတစ်ယောက်ကို ဒီ Onlineပေါ်မှာပဲ သိခဲ့ဖူးတဲ့ ကိုယ့်လိုလူတစ်ယောက်ကို အမြဲတမ်းသူခံစားရသမျှတွေကိုရင်ဖွင့်ပြောပြတတ်တဲ့ကလေးလေး.....ကိုယ့်ကိုယုံလို့တဲ့လေ.....
ကိုယ်ကအငယ်တွေကို မချစ်တတ်ဖူး....မှန်ပါတယ်....ဒါပေမဲ့ အဲ့ကလေးလေးတော့မဟုတ်ဖူး.....သူက ဘာအကြောင်းပြချက်မှ မလိုပဲနဲ့ကို အချစ်ခံရဖို့ ထိုက်တန်တဲ့ကလေးပါ.....ပထမဦးဆုံးအနေနဲ့ ကိုယ်ထက်ငယ်တဲ့လူတစ်ယောက်အပေါ် ကိုယ်သံယောဇဉ်ဖြစ်မိတယ်....တွယ်တာခဲ့မိတယ်.....နောက်ပြီး ချစ်ခဲ့မိတော့တာပဲ.....
YOU ARE READING
SHE...♡
Non-FictionLetter For K.Z.H Written By Heart..... Baby,...Please Just Read It....!!!!!