S_1

3.2K 189 16
                                    

ကြောင်းကျိုးဆီလျော်စွာ
အကြောင်းအရာ တိုက်ဆိုင်ဖို့ ဖြစ်စဉ်မလိုအပ်ဘူး....

ိုက်ဆိုင်ခြင်းဆိုပြီး

ကံကြမ္မာဆုံဆည်းပေးဖို့ ကံတရားမလိုဘူး....

ဒီလိုပဲ.....
ငါတို့နှစ်ယောက်ချစ်ဖို့အတွက်
ချစ်ခြင်းမလိုအပ်ဘူး...
အမုန်းတစ်ခုတည်းနဲ့တင် လုံလောက်ပြီ........

Serendipity...

"ဒီလိုတွေ ဖြစ်လိမ့်မယ်လို့ ငါတို့ဘာကြောင့်များကြိုမတွေးမိတာပါလိမ့်....''

အနောက်ကနေ သိုင်းဖက်ထားစဉ် သူ့အသံလေးက သာယာစွာထွက်လာခဲ့၏
အချိန်အတော်ကြာသည်အထိ ငြိမ်သက်ပြီး ကျွန်တော်တို့နှစ်ယောက်သားဖက်ထားခဲ့ကြသည်ကိုး... ဒါကြောင့်မို့ သူ့အသံက ထင်ရှားစွာပင်....
သူ့အသံကို ကျွန်တော်နှစ်သက်တယ်
နေ့တိုင်းမကြားနေရပေမယ့်လည်း မငြီးမငြူ
ကြားချင်မိတုန်း...

ထပ်ပြီးအလွတ်ကျက်ပါရစေ ....
ခင်ဗျားရဲ့ အသံ
ခင်ဗျားရဲ့ မျက်နှာ
ခင်ဗျားရဲ့အသေးစိတ်အနုဆစ်ထုထားတယ်လို့ စိတ်ထဲ အလွတ်ရတဲ့အထိ...

ဝရံတာဘေး ထိုင်ရင်း  အနောက်ကနေသူဖက်ထားသည်မှာကြာလှပြီ
ကျွန်တော်က သူ့ထက်တော့ အနည်းငယ် အရပ်ပိုရှည်ပေမယ့် ပိန်ပါးကျစ်လျစ်သည်က သူ့ထက်တော့မဆိုသလောက်ပိန်မည်
သူအားမရသည့်နှယ် သိမ်းကြုံးဖက်ထားသည့် အားက တစ်စက်လေးတောင်လျော့မသွား...
ပခုံးပေါ် မှီထားတဲ့ကျွန်တော်က သူ့စကားကြောင့်မော့ကြည့်လိုက်တော့ မေးစေ့ချွန်ချွန်လေးက အတိုင်းသားပင်..
မြင်နေကျတောင် ကျွန်တော်ရင်ခုန်မိတုန်းပဲ ....ခင်ဗျားရဲ့

မျက်ဝန်းခပ်ကျဉ်းကျဉ်းဘေးက ကျွန်တော့ကြောင့်ရခဲ့တဲ့ ဒဏ်ရာရဲ့ချုပ်ရာလေး....
သူများတွေလိုချဲ့ကားပြီးပြောစရာ သိပ်မလိုတဲ့ သူ့ရဲ့နှာတံ...
ရေတွက်လို့မရအောင်ပင် နမ်းခဲ့ဖူးတဲ့
သူ့ရဲ့ထူထဲတဲ့ နှုတ်ခမ်းပါး...

ဒါတွေတော့အလွတ်ရခါနီးနေပါပြီ...
တစ်ခုပဲ...သူနဲ့ခွဲခွာဖို့ကျတော့ နှလုံးသားက အမြဲတမ်းအလွတ်ကျက်နေပေမယ့် ဘာကြောင့်မရသေးပါလိမ့်..

SERENDIPITY|| KookminWhere stories live. Discover now