N_5

1.2K 133 29
                                    

အရာအားလုံးအဆင်ပြေစေဖို့ ကျွန်တော်တစ်ယောက်တည်းက စတေးခံ ခဲ့တယ် ။ ရလဒ်က ကျွန်တော့ရဲ့လွတ်လပ်ခွင့် ။ပျော်ရွှင်ဖို့ ပိုင်ဆိုင်ခွင့်တွေ ဆုံးရှုံးရပြီး လူအများရဲ့ မုန်းတီးမှု့ကိုသာရခဲ့တယ် ။

ရင်ထဲကအမှန်တကယ်ပြောချင်တဲဘစကားတွေ ပြောခွင့်မရ ။ ကြားချင်တိုင်း မကြားရတဲ့ဘဝမှာ နှစ်သိမ့်မှု့အဖြစ် သူကျွန်တော့ဘဝထဲရောက်လာခဲ့တယ် ။

ကျွန်တော့ချွတ်ယွင်းချက်ကို သူဟာသအဖြစ်ပြောင်းလဲပေးခဲ့တယ် ။ ကျွန်တော့အပြုံးတွေကို အချစ်အဖြစ် ပုံဖော်ယူပေးတယ် ။ ကျွန်တော့ငိုကြွေးမှု့ကို သူ့နှစ်သိမ့်မှု့နဲ့အတူ ဆေးကြောပေးတယ် ။

သူ့လိုလူကို လက်လွှတ်ရမယ်တဲ့လား ။ ဒီအိမ်ကနေထွက်နိုင်ဖို့ သူ့ကိုစွန့်လွှတ်ရမယ်ဆို ကျွန်တော် သူ့ကိုတွေ့နိုင်ဖို့ဒီအိမ်မှာပဲ စောင့်နေတော့မယ် ။ ဒါကျွန်တော့ဆုံးဖြတ်ချက်ပဲ.... ။

" ...........''

"................''

ရေချိုးဇလုံထဲကရေတွေ အပြင်သို့ လျံကြကုန်သည် ။ အသက်ရှူသံပြင်းပြင်းထဲ ရေမွန်းတာကြောင့် ရုန်းကန်နေသည့်အသံက ရေချိုးခန်းထဲကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။ အားချင်းက သူ့ထက်ပိုသာသော်လည်း သိပ်တော့မရုန်းမိ ။ဘာကြောင့်ဆို ဒီအိမ်မှာ အဖေတို့ပြီးရင် မန်နေဂျာminက အရေးပါလှသည် ။လူယုံသဖွယ်ဖြစ်နေုပြီး သားတစ်ယောက်ကိုဒီလိုနှိပ်စက်ခံနေရသည်ကို တစ်ခါတစ်လေ စိတ်ဖောက်လို့ သူထိန်းချုပ်ရင်းအနာတရ ရသည်လို့သူပြောနေကျ ။ သူ့လှည့်ကွက်ထဲ အဖေတို့ယုံခဲ့မည် ။မဟုတ် ။ကျွန်တော့လို ဒုက္ခိတ တစ်ယောက်ရဲ့အကြောင်းကို သူတို့တွေ စိတ်မဝင်စားခဲ့တာလည်း ပါလိမ့်မည် ။

အော်လို့မရ ။ သူပြုသမျှကို မြန်မြန်ပြီးပါစေလို့သာ စိတ်ကူးရင်း min yoongiရဲ့ဒေါသပြေလိုပြေညား ရုန်းကန်ခြင်းမပြုခဲ့၏ ။

ပင်ပန်းလွန်းလို့ အသက်ရှူမဝလွန်းလို့ ရပ်ခိုင်းဖို့ရာ ကျွန်တော့မှာ အရင်လိုသတ္တိတွေ မရှိခဲ့သည် ။ဒီအိမ်ရောက်ကတည်းက ကျွန်တော့စိတ်တွေလုံးဝကို ပြောင်းလဲကုန်တာ..... သူ့ကြောင့်...

You've reached the end of published parts.

⏰ Last updated: Nov 24, 2019 ⏰

Add this story to your Library to get notified about new parts!

SERENDIPITY|| KookminWhere stories live. Discover now