" Fearless "~1

276 42 4
                                    

" Fearless "

Episoode_ 1

Prive ၏ ဒီဇိုင်းဌာန...

Keyboard တွေပေါ် ပြေးလွှားနေတဲ့ လက်ချောင်းသွယ်သွယ်နှင့်အတူ design အသစ်ဆွဲရန်ပြင်နေသော Co creative director Byun Baekhyun...

သိပ်မကျယ်လှသော မျက်ဝန်းတို့သည် အာရုံစူးစိုက်မှုကြောင့် စူးရှလျှက်...

ကိုယ်ပိုင်ရုံးခန်းတွင်မို့ hoddie စစ်စိမ်းရောင်လေးကိုသာ ဝတ်ဆင်ထားသော ၂၇ နှစ်တောင်မပြည့်လေသေးတဲ့သူ့ကို အကြောင်းမသိသူဆို မည်သူက ဒီလိုကုမ္ပဏီ၏ အရေးပါအရာရောက်သူဟု ထင်မည်နည်း...

တစ်ဖက်မှ share member လိုချင်သော design ထက် မိမိဖြစ်လိုသော design ကိုသာဦးစားပေးမိသည်..

ကန့်လန့်တိုက်လိုခြင်းမဟုတ်သော်ငြား...

မိမိ confidence ကြောင့်ဟုပင်ပြောရမလား... ဒီလို design နှင့်မှ ဈေးကွက်၌ တွင်ကျယ်မည်ဟုထင်နေသည်မှာအမှန်...

" Mr.Byun shi.. ဧည့်သည်ရောက်နေပါတယ် "

Staff တစ်ယောက်လာပြောသည်နှင့် နာရီကြည့်လိုက်တော့ share member နှင့်ချိန်းထားသော အချိန်အတိအကျဖြစ်သည်..

ဤအချက်၌ပင် တစ်ဖက်လူအား အတော်သဘောကျသွားသည်...သူတကယ်တော်သည်..

" Nae ကျနော်လာခဲ့ပါမယ် "

အကြောင်းပြန်ပြီးနောက် တံခါးကို lock ချလိုက်ကာ အင်္ကျီ လဲရပြန်သည်...

Hoddie ကိုချွတ်လိုက်ကာ...

Shirt ခဲပြာပေါ်၌ အနက်ရောင် coat ထပ်ဝတ်
ကာ နက်ကတိုင် အနက်ကို တပ်လိုက်သည်...

စတိုင်လ်ပန်အနက်ရောက်နှင့် walking shoes အနက်ရောင်ပြောင်ပြောင်ကို တွဲဖက်ကို ဝတ်စားလိုက်သည်..

Stylist ဖြစ်သော beauty blogger ၏ ပုံသွင်းပေးထားမှုကြောင့် သေသပ်နေသော ဆံပင်ကို hair spray အနည်းငယ်ဖြန်းကာ hair up လုပ်လိုက်သည်...

ထို့နောက် မှန်၌ ကြည့်လိုက်တော့...

Yep..perfect...

ခုံပေါ်မှ laptop ကို လယ်သာလက်ဆွဲအိတ်ထဲ ခေါက်ထည့်လိုက်ကာ ဧည့်သည်ရှိရာ ဆွေးနွေးခန်းဆီ လာခဲ့လိုက်သည်...

လျှောက်လှမ်းနေသော ခြေလှမ်းတွေသည် ယုံကြည်မှုအပြည့်..

ဒါပဲ Fearless Byun ဆိုတာ...

" Fearless "Where stories live. Discover now