Final

993 81 9
                                    

Jae'

သူခေါ်လိုက်တော့ သူ့ရင်ခွင်ထဲက ကျွန်
တော့ကို ငုံ့ကြည့်လေရဲ့

'အင်း ပြော Hyung ဘာလုပ်ချင်လို့လဲ'

'ဟင့်အင်း ဘာမှမလုပ်ချင်ဘူး ... ဒါနဲ့ Jae, Hyungကို မေးစရာမေးခွန်းတွေနဲ့ သိချင်တာတွေ ရှိတယ်မလား'

'အင်း အမှန်အတိုင်း ပြောရမယ်ဆို သိ
ချင်တယ် ဒါပေမယ့် Hyung ပြောချင်မှ ပြောပြပါ ကျွန်တော်က အဆင်ပြေပါ
တယ်'

'Jae တစ်ခါလောက် Hyungအပေါ် စိတ်ဆိုးစိတ်တိုပြပါလားဟင် အမြဲကြီးပဲ
အလျော့ပေးနိုင်လွန်းရလား? မင်း
က လျော့ပေးလွန်းလေ ဒီက ပိုပြီး အနိုင်
ယူချင်လေ Jaeရဲ့ Hyungကို အဲ့လောက် သည်းခံပြီးတောင် ချစ်နိုင်တဲ့ မင်းကို တကယ် သဘောကျမိတယ် '

'ဟားးး ထူးဆန်းလိုက်တာ ခုလို Hyung လွတ်လွတ်လပ်လပ်နဲ့ ရင်းရင်းနှီးနှီး ပြုံး
ပြတာ ပထမဆုံးမြင်ဖူးတာပဲ Hyung
ပြုံးတာ အရမ်းချောပြီး ချစ်စရာကောင်း
လိုက်တာ Hyungကလေ ကျွန်တော့်
အတွက် တကယ့်angelလေးပဲ
ကျွန်တော် တစ်နေ့ထက် တစ်နေ့ မချစ်ဘဲ မနေနိုင်အောင် ဆွဲဆောင်နိုင်လွန်းတယ် တော်တော်
ဆိုးတဲ့ Hyungပါဗျာ'

'ဟားးး Hyung မင်း မေးချင်နေတဲ့ မေး
ခွန်းတွေ သိချင်နေတာတွေကို ပြောပြ
မယ်'

'အင်း'

'Hyung ၆နှစ်လောက်က ပြန်ပေးဆွဲခံ
ရဖူးတယ် ၁ပတ်လောက်ကြာမယ်ထင်
တယ် အဲ့တုန်းက ၁ပတ်လောက် အမှောင်ထဲမှာ မစားမသောက်ရဘဲ ကြိုးတုပ်ခံပြီးနေခဲ့ရတယ် Appaတို့ ပြန်ပေးဆွဲတဲ့ နေရာသိလို့ လာကယ်တော့ တစ်ခါ အဲ့နေရာကနေ နောက်တစ်နေရာကို ဆိုင်ကယ်နဲ့ ထပ်ခေါ်သွားဖို့လုပ်ကြတယ်လေ မောင်းတဲ့သူက ဖမ်းခံထိမှာ စိတ်လောပြီး
အမြန်မောင်းရင်း အရှိန်မထိန်းနိုင်ပဲ Accidentဖြစ်တယ်လေ ကံကောင်းလို့ Appaနဲ့Omaက အဲ့ဒီချိန် အချိန်မီ် ကယ်နိုင်ခဲ့တယ် အဲ့တုန်းက ဆိုင်ကယ်နောက်က​နေ ကားလမ်းဘေးကို လွင့်သွားခဲ့တယ် ​မောင်းတဲ့သူက ကားအောက်ထဲ ရောက်
ပြီး သေသွားတယ်လေ ဆေးရုံ၂လကျော် တက်လိုက်ရတယ် အဲ့ချိန်ကစပြီး ဆိုင်ကယ်မြင်ရင် အသက်ရှူကျပ်တယ် စီးဖို့လုပ်တိုင်း အရင်ကမြင်ကွင်းက ပြန်​ပေါ်လာပြီး ခေါင်းတွေကိုက်လာတယ် မေ့လဲတဲ့အထိ ဖြစ်ဖူးတယ် ... နောက်တစ်
ခုက ခရီးတွေသွားရင် ခဏ ခဏ လမ်း
မှာ နားရတယ် ကားမူးတတ်လို့ အာ့တာကြောင့် ခရီးတွေ သွားချင်ပေမယ့် သိပ်မသွားဖြစ်ဘူးလေ သူများတွေနဲ့ သွားရင် သူတို့တွေ အနှောင့်အယှက် မဖြစ်စေချင်လို့ မသွားဖြစ်တော့တာ'

Hyung's Baby Ko Ko [JaemRen]Where stories live. Discover now