Zawgyi
ဤ Fic အတွင်းရှိ အကြောင်းအရာများသည် Author ၏ စိတ်ကူးသီးသန့်သာ ဖြစ်ပါသည် ။
မည်သူကိုမှ ထိခိုက်စေလိုခြင်း မဟုတ်ပါ ။______________________
လုဟန်က ကားသော့နှင့် အိတ်ကို ယူကာ အခန်းပြင်ထွက်ဖို့ ပြင်နေသည် ။
Luhan
" လာ .. အငယ်လေး လာ ..Hyung မှာထားပေးပြီးပြီ ... ငယ်လေး ဆီက မန်နေဂျာ လာပို့လိမ့်မယ် "လုဟန်က ကားသော့ကိုင်ထားသော လက်တစ်ဖက်ဖြင့် ဆယ်ဟွန်းငယ် လက်မောင်း ဆွဲကာ အခန်းထဲက ခေါ်သွာသည်။
Luhan
" ရေချိုး ပြီး နားတော့လေ ငယ်လေးရယ်
ပင်ပန်းလာတဲ့ဟာကို ၊ အစ်ကို အပေါ်ထပ် လိုက်ပို့မယ် "လုဟန်က ဟွန်းငယ်နဲ့ အတူ အပေါ်ထပ် လိုက်တတ်သွားပြီး ဟွန်းငယ်အား Suho နဲ့ အတူနေသော သူ့ အခန်းထဲသို့ သွင်းပေးလိုက်သည်။
လုဟန် က အခန်းထဲတော့ အတူလိုက်ဝင်မသွားတော့ ၊ အောက်ထပ်မှာ မင်ဆော့ ထွက်လာသံကို ကြားသောကြောင့်ပင် ။
လုဟန် အောက်ဆင်းသွားသည့် အခါ ဆယ်ဟွန်းက အပြင်ကို မြင်ရသည့် ပြတင်းပေါက်ဆီ ကြည့်လိုက်သည်။
Luhan က မောင်းသူနေရာ ထိုင်ပြီး
Xiumin က ဘေးခုံတွင်ထိုင်ကာ ကားထွက်သွားသည်။ကျတော်လဲ အစ်ကိုနဲ့ date လုပ်ချင်တယ် ။
ကျတော်လဲ အစ်ကို့နဲ့ အရသာရှိတာတွေစားချင်တယ်။
ကျတော်လဲ အစ်ကို့ကို ကိုရီးယား က နေရာတွေဆီ အလည်အပတ် လိုက်ပို့ချင်တယ် ။ ကျတော်လဲ အစ်ကို့ ကို .......ထွက်သွားတဲ့ ကားလေးကို ကြည့်ရင်း ဆယ်ဟွန်း နာကျင်နေခဲ့သည်။
ကျတော့်မှာလဲ အစ်ကို နဲ့ အတူတူ လုပ်ချင်တာတွေ အများကြီး ပါ အစ်ကို .. ကျတော့ ကို လှည့်ကြည့်ပါဦး အစ်ကို... ကျတော်လဲ အစ်ကို့ သူငယ်ချင်း တွေလို အစ်ကို့နားမှာ နေချင်တယ်။
YOU ARE READING
ChenXiu OTP {Completed}
Fanfiction26.3.1990 မှ 26.3.2019 အထိ { 30 yrs old EXO Xiumin } Start-- March 4, 2019 End--- April 28 , 2019 And More ...