PROLOGUE

1.4K 129 2
                                    

"Helo"

ထိုအသံသည် သူ့နေ့စဉ်ဘဝထဲနှောင့်ယှက်နေသည်မှာ
တပတ်ကျော်ခန့်လောက်ပင်ရှိနေပြီ။

"Hey Hope"

ကျစ်~~~လူလိုနားမလည်တာလား ။
လူလိုမသိတတ်တာလား။မသိချင်ဟန်ပြုသည်လား။
မထူးချင်တဲ့သူကို အတင်းကို။

"Hope"

တဖက်သူထိုင်နေသည့်ခုံကိုဆွဲယူပြီး
သူ့ဘေးနားဝင်လိုက်သည့်သူကို
သူတကယ်အမြင်ကတ်နေပြီ။

"Hope"

"ကျစ်~ငါ့နာမည် ဂျောင်ဟိုဆော့ ဂျောင်ဟိုဆော့လို့ပဲခေါ်"

သူထိုကဲ့သို့ပြောမိတော့ သူရယ်လိုက်ပြီ
တဖက်သို့ခေါင်းစောင်းသွားကာ ခပ်တိုးတိုးပြောလိုက်သည်။
သို့သော် သူမကြားလိုက်ပါ။

"မင်းနာမည်နောက်တခုကJHopeပဲလေ"

ထိုသည်သည်မှန်သည်။သို့သော်
သူချွင်းချက် သူခေါ်သည်ကိုမကြိုက်။
အထူးသဖြင့် Hope လို့ခေါ်သည်ကိုမကြိုက်ပါ။

"မင်း ခေါ်ခွင့်မရှိဘူး...ကင်ထယ်ယောင်း~"

သူကတော့ သူ့စကားကိုအရေးပင်မစိုက်သည့်ဟန်ဖြင့်
ခုံပေါ်လက်ထောက်ရင်း သူ့ကိုစပ်ဖြဲဖြဲမျက်နှာမျိုးကဲ့သို့လည်းမဟုတ်။
သူ့အကြည့် တွေက သူ့အကြည့်တွေကလေ။
ဟင့်အင်း~ဘာပဲဖြစ်ဖြစ် သူ့အကြည့်တွေကိုမကြိုက်။

"Hope"

သူ့ စူးရဲရဲစိုက်ကြည့်ပုံကိုအရေးပင်မထား။
သူကဟက်ပက်ပက်ရယ်ရင်း ခုံကိုပြန်ဆွဲကာ
သူ့နေရာဆီပြန်ရွေ့ရင်း အတန်းထဲမှသူ့သူငယ်ချင်းတွေဆီကိုအော်ဟစ်ကာ
သွားတော့၊အတန်းထဲမှမိန်းကလေးတွေရဲ့
မျက်လုံးတွေကလည်း သူ့ဆီကပ်ပါသွားကြသည်။
ဟုတ်မည်။ကျောင်းသားသစ်~ဆော်ကြည်ဘဲ
စာတော်သည်မတော်သည်ကိုတော့သူမသိ။
ကျောင်းလစဉ်စစ်စာမေးပွဲအလွန်မှသူရောက်လာခဲ့ခြင်းကြောင့်လည်းဖြစ်နိုင်မည်။သူတော်သည်မတော်သည်လည်းအရေးမကြီး~
အရေးကြီးသည်ကတော့ သူ့ထက်မကျော်အောင်
သူထိပ်ဆုံးမှာသာရှိအောင်ကြိုးစားရမည်မှာ
သူ့တာဝန်သာဖြစ်သည်။သူ့ရဲ့ပါဝါထူမျက်မှန်ကို
သူတချက်ပင့်တင့်ရင်း ဖတ်လက်စကျောင်းစာကိုသာ
သူအာရုံစိုက်လိုက်မိသည်~~~~။

HEY!HOPEWhere stories live. Discover now