Part 11

1.3K 124 24
                                    

ဘာလိုလို နဲ့ Lisa ဆေးရုံ မှာ သတိမရသေးတာ
5 ရက်တောင် ရှိပြီ
Jisoo မှာ လည်း တနေ့ တနေ့ ကျောင်းနဲ့ ဆေးရုံ သွားလိုက်ပြန်လိုက် ညနေကျောင်းဆင်းရင် သူမရဲ့ အချိန် ပိုင်း အလုပ်တောင် မသွားတော့ဘူး Lisa နားမှာ ပဲ
အဲဒါ အချစ်ပေါ့

Jennie တယောက်လည်း သူတို့ Company Busan မှာ ရုံးခွဲ ဖွင့်လို့ လိုက်သွားရတယ်
အမှန်က Jennie Seoul မှာမရှိအောင် Min နဲ့ Jennie's mom ပေါင်းပြီး ကြံလိုက်တာ ပါ
Jennie ရဲ့ pH ကိုလည်း သူ့အမေက သိမ်းထားတယ်

Busan မှာ ရုံခွဲ ဖွင့်ပြီးတော့ Jennie Seoul ကို အမြန် ပြန်လာသည်

Lisa ကို တွေ့ချင်တာလည်း ပါတာပေါ့

At School

Jennie: Rose ရေ

Rose: Jennie နင်အခုမှ ပဲပေါ်လာတော့တယ်နော် ကျန်ခဲ့တဲ့ ၅ရက်တုန်းက နင် ဘယ်တွေ ရောက်နေတာလဲ

Jennie: sorry 😁 ငါ Busan လိုက် သွားရတယ်

Rose: နင် အခု Lisa ဘာဖြစ်နေလဲဆိုတာ မသိဘူးလား

Jennie: ငါနင့်ကို မေးမလို့ Lisa ရော မတွေ့မိ ပါလား

Rose: နင်ကျောင်းမတတ်တုန်းက Lisa အနောက်ကနေ ချောင်းပြီး အရိုက်ခံရတယ်လေ အခုထိ ဆေးရုံ မှာ သတိမရသေးဘူး

Jennie: ဟင် !!!

Jennie တယောက် တုန်လှုပ်သွားသည်

Jennie: သတိမရသေးဘူး ချောင်း အရိုက်ခံရတယ် ဘာတွေလဲ အခု ဘယ်ဆေးရုံ မှာလဲ





Lisa 's side

Jisoo: Lisa ငါရောက်ပြီ

Lisa's mom: သမီးရောက်ပြီလား

Jisoo: ဟုတ် Lisa အခြေနေရော

Lisa's mom: ဒီတိုင်းပါပဲ..

Jisoo: အန်တီ အနားယူလိုက်ပါ သမီး Lisa ကို စောင့်ပေးမယ်လေ

Lisa's mom: အေးပါကွယ် သမီးလေးလည်း ပင်ပန်းနေလောက်ပြီ

Jisoo: ရပါတယ် အန်တီရဲ့

Lisa's mom: အန်တီသွားပြီနော် သမီး

Jisoo: ဟုတ်

Jisoo's pov: Lisa ကို ရေပတ် တိုက်ပေးရမယ်

ထိုစဉ် Lisa ရဲ့ လက်များ လှုပ်ခြားလာသည်

Lisa: အား... နာလိုက်တာ

Jisoo: Lisa!! Lisa!! သတိရလာပြီနော် ငါလေ ငါ Jisoo လေ နေပါဦး ဆရာဝန် သွားခေါ်လိုက်မယ်

Jisoo တယောက် ဆရာဝန် ဆီ အပြေးလွှား သွားခေါ်သည်











Doctor: အခြေနေကတော့ ကောင်းပါပြီ ခေါင်းထဲ ဘယ်လိုနေသေးလဲ

Lisa: ဆရာ ခေါင်းထဲက မူးနောက် နေတယ် ဘယ်လို ကြီးလဲမသိဘူး

Jisoo: သတိ ပြန်ရလာတာပဲကျေးဇူးတင်ပါတယ်

Jisoo: Lisa ငါကို မှတ်မိတယ်မလား

Lisa: J...Jisoo မလား

Jisoo: တော်သေးတာပေါ့ ငါ့ကို မှတ်မိသေးလို့ နင့်အမေ ကိုလည်း pH လှမ်းဆက်လိုက်မယ်လေ

Lisa: ရပါတယ် သူရောက်လာ တော့မှာပဲ

Jisoo: Lisa နင်ဘယ်လို ဖြစ်တာလဲ ဟယ် ငါ့မှာ နင် သေပြီလို့တောင် ထင်နေတာ

Jisoo တယောက်မျက်ရည် တွေနဲ့

Lisa: ငါမသေပါဘူးဟ ငါဆီမှာ ဒီလောက် လှ တဲ့ သူငယ်ချင်းကို မထားခဲ့နိုင်ပါဘူး

Jisoo: ဟင်? နင် စိတ်မှန်သေးရဲ့လား

Jennie: Lisa!!!!

Jennie တယောက် ပြေးဝင်လာသည်

Jennie: Lisa နင် အဆင်ပြေရဲ့လား ငါသတင်း ကြားပြီးပြီး ချင်းလိုက်လာတာ

Jisoo: နင်အခုမှ ဘာတွေ လာလုပ်ပြနေတာလဲ Lisa အခုလို ဖြစ်ရတာနင့်ကြောင့်

Jennie : ငါတကယ်မသိတာပါ ငါph ကလည်း ငါ့အမေဆီရောက်နေတာပါ

Jisoo: တော်စမ်းပါ နင့်ရဲ့ လုပ်ကြံ ဇာတ်လမ်းတွေ Lisa နင့် ဘေးလာတာ မကြိုက်ရင်လည်း ဒီတိုင်း ပြောပေါ့ အခုဟာက ကိုယ်ထိလက်ရောက် အနောက်ကနေ ရိုက်ရတယ်လို့ huh

Jennie: Jisoo နင်ဘာဖြစ်နေတာလဲ နင် အရင်က ဒီလို မဟုတ်ပါဘူး

Jisoo: နင်ကပဲပြောရတယ် ရှိသေး နင်ကရော Lisa သတိမရခင်တုန်းက တော့မလာဘူး အခု သတိရလာတော့မှာလာတယ် ဘာလဲ နင်သတ်ထားတဲ့ လူကို သေလား မသေလား လာကြည့်တာလား

Jennie: Jisoo နင်ပြောတာတွေ လွန်လာပြီနော်

Lisa: Jisoo..

Jisoo: ဘာလဲ

Lisa တယောက် Jennie ကို လက်ညှိုးထိုးပြီး

Lisa: သူကဘယ်သူလဲ ငါ့ကို ဘယ်လိုသိတာလဲ





















A/N

Hello သာသာ up တာ နည်းနည်း နောက်ကျသွားတယ်နော်
Sorry 😁😁

Please Vote & Comments if u love this fic 😙

I Love You (Jenlisa)Where stories live. Discover now