Part - 1

5.6K 266 4
                                    

ငြိမ်သက်​နေတဲ့ ​​​လေထု​တွေကြား
ခုန်​ရင်းလွှားရင်း တိုက်​ခိုက်​ရင်းနဲ့
စီးကျလာတဲ့ ​ချွေးစက်​​တွေကို
မဖယ်​ရှားဖြစ်​ဘူး....။

အနီ​ရောင်ေ​သွးခြယ်တဲ့ အနီရင့်ရင့်ဓားရိုးကို
ရွှေ​ရောင်​နဂါးက ရစ်​ပတ်​ထားတဲ့....ဓား....။
ချွန်​မြထက်​ရှ​နေတဲ့ ဓားသွားရှည်​ဟာ....
ခန္ဓာကိုယ်​စည်းချက်​ကိုလိုက်​ပြီး.....
လေထဲမှာ ​ဝှေ့ယမ်းကခုန်​​နေ​လေရဲ့...။

ရန်​သူကို ပစ်​မှတ်​ထား​နေတဲ့ ပါးပါးလျှလျှဓားသွားဟာ....တစ်​ဖက်​လူရဲ့....
အဖြူ​ရောင်​လျှပ်​စစ်​နွယ်​​တွေကို ခုတ်​ပိုင်းရင်း...
တိုက်​ပွဲဝင်​​နေရတယ်​.....။

ငါဘယ်​သူလဲ....။ ကိုယ့်​ကိုကိုယ်​ ပြန်​​မေးကြည့်​​တော့....အ​ဖြေက မထွက်​ဘူး....။ ဒီရန်​သူကို
ပစ်​မှတ်​ထား​နေ​ရပေမဲ့....အဲ့ရန်​သူထိခိုက်​မသွားဖို့ သတိထား​နေရတဲ့ ဓားသွားပါးပါး​လေးကလဲ....ငါ့​မေးခွန်းကို မ​ဖြေဘူး.......။

မင်း​ရော...ငါဟာ ဘယ်​သူဘယ်​၀ါဆိုတာ
သိပါဦးမလား....။
သူ​သေကိုယ်သေဆိုပြီး....အသက်​လု​နေရတဲ့ပွဲမှာ...ငါ့စွမ်းအင်​​တွေက
မင်းကိုထိခိုက်​​စေဖို့ မီး​တောက်​မီးလျှံ​တွေအဖြစ်​ ​ပြောင်းလဲမသွားဘူး....။ ငါက ဘယ်​သူလဲ...။
မင်း​ရော....ဒီ​မေးခွန်းကို​ဖြေနိုင်​မှာလား.....။

လျှပ်​စီးနွယ်​​တွေကို ခုခံရင်း...ငါမတတ်​နိုင်​​တော့တဲ့အခါ.....ဓားသွားရှည်​ဟာ...ငါ့လက်​ထဲက...ခုန်​ဆင်း....။ မင်းရှိတဲ့​နေရာကို
မတိုက်​ပဲ...​နေရာလွှဲတိုက်​ခဲ့တဲ့...
ငါ့လက်​ချက်​နဲ့ ... အပိုင်းပိုင်းပြတ်​သွားတဲ့....
ဒီ ပဲရစ်‌ မိုးမြင့်​မျှော်​စင်​ကြီးလို...ငါ့နှလုံးသား​တွေလဲ
အစိတ်​စိတ်​အမွှာမွှာပါပဲ....။

လျှပ်​စစ်​နွယ်​​တွေ...ငါ့ခန္ဓာကိုယ်​ထဲ ထိုး​ဖောက်​လိုက်​စမ်းပါ အီလျံ...။

ဒီ​လောကကို အုပ်​စိုးပါ...။ ထာဝရနတ်​ဘုရားအဖြစ်​...ရှင်​သန်​ပါ....။ ​သေလွန်​သွားတဲ့ ငါ့ခန္ဓာကိုယ်​မှာ...မင်းချစ်​တဲ့ လိပ်​ပြာ​တွေ နား​တော့မယ်​မထင်​ဘူး....။

နတ်‌ဘုရား ချစ်‌ခြင်း/နတ်ဘုရား ချစ်ခြင်း Z+U ( COMPLTED )Where stories live. Discover now