"ဒီမှာခဗျ...!"
မျက်စိရှေ့တွင် ဝှေ့ယမ်းပြနေသော လက်ဖဝါးပြင်ကို မြင်လိုက်ရသည်မို့ တစ်ခဏတာ လွတ်ထွက်သွားသော အသိစိတ်များ ပြန်ဝင်လာသည်...။
"ဟုတ်ကဲ့... တောင်းပန်ပါတယ်ရှင့်... ဘာများသုံးဆောင်မလဲ...?"
"Iced americano တစ်ခွက်ပေးပါ..."
မှာယူသည့် ကော်ဖီလေးအား ရှာယူရိုက်ထည့်ရင်း "တခြားလိုအပ်တာများ ရှိသေးလားရှင့်?"
"မရှိပါဘူး..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်... ဒါလေးယူပြီး ဟိုဘက်ကောင်တာလေးမှာ တစ်ချက်စောင့်ယူသွားပေးပါနော်..."
ဝယ်ယူသူ ရှေ့မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် အတတ်နိုင်ဆုံး ပြုံးထားသော မျက်နှာလေးမှာ ချက်ချင်းဆိုသလိုပင် ညှိုးကျသွားရသည်...။
သူ ဘယ်နေ့များ လာလိမ့်မလဲဟု စောင့်နေသည်မှာ ယနေ့နှင့်ဆိုလျှင် ရက်ပေါင်းမည်မျှပင် ရှိနေပြီနည်း...? နေ့နေ့လလ စောင့်မျှော်နေခဲ့သော်လည်း တွေ့ခွင့်ရသည်ဟူ၍မရှိ...။
ကော်ဖီဆိုင်လေး၏ဖန်တံခါးကို တွန်းဖွင့်လိုက်တိုင်း ကြားရသော ဆည်းလည်းသံလေးထွက်ပေါ်လာတိုင်း မျှော်နေမိသူများလားဟု စိတ်ထဲတွေးထင်မိသည့် အကြိမ်ပေါင်းလည်း မနည်းတော့ချေ...။
အတူပျော်ရွှင်ခဲ့ရသော ကလေးဘဝကို ပြန်လည်တွေးမိတိုင်း လွမ်းလွန်းသဖြင့် မျက်ရည်ကျရတော့မည်ဆိုလျှင် သမုဒ္ဒရာလောက်ရှိလိမ့်မည်ဟု တင်စားပါက ပိုလွန်းသွားရာကျလိမ့်မလား...?
ယနေ့လည်း ဖြစ်နေကျအတိုင်း ငိုချင်စိတ်လေးကို ပြန်ထိန်းရင်း...
"မဟုတ်တာ...! တစ်နေ့တော့ ပြန်တွေ့ရမှာပဲကို...!"
ကိုယ့်ကိုယ်ကို အားပေးရသည်...။ ဒီလိုနဲ့ပဲ နေသားကျနေပါပြီ...။ အင်း... ပြောသာပြောရတာ နေသားကျနေပြီဆိုပေမယ့်လည်း တစ်ခါတစ်လေတော့ ထိန်းထားသည့်ကြားကပင် မျက်ရည်စလေးတွေတော့ ထွက်လာတတ်သည်ပင်...။
"ဟတ်ချိုး!"
ညဉ့်ဦးပိုင်း မှောင်ရီသရောရောက်တော့ ကိုယ် ယူထားသည့် အချိန်ပိုင်းပြည့်သွားပြီမို့ အိမ်သို့ပြန်ရန် ဆိုင်ထဲမှ ထွက်လာစဉ် နှာထိပ်ဖျားလေးကို အဖျားစွတ်တိုက်ခတ်သွားသော လေကလေးကြောင့် ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်မှ တုံ့ပြန်လိုက်သည်...။
YOU ARE READING
The Truth Untold (Season Contest)
Fanfiction(Unicode ver) "အချစ်"ဆိုတဲ့ အဓိပ္ပာယ်ကို ရေရေရာရာ နားလည်မှု မရှိသေးတဲ့ ကလေးမလေးတစ်ယောက်... လူတွေ ပြောပြောနေကျ "သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်တယ်"ဆိုတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်... ဆယ်ကျော်သက်ဆိုတာကို ကျော်လွန်လာတော့လည်း အချစ်တွေ အလွမ်းတွေကိ...