"Joonရဲ့ မိုးစက်''

753 93 3
                                    

အရင်ကဆို မိုးရွာတိုင်း အငြိုးနဲ့ရွာလေသလားဟု namjoonမေးနေကျဆဲ။.
သူနဲ့တွေ့ဆုံပြီးတော့ ကျွန်တော့စိတ်တွေ ပြောင်းလဲသွားခဲ့တယ် ။

ကျွန်တော့အတွက် မိုးက နှစ်သိမ့်စေတဲ့မိုး ။ နာကျင်မှု့ကိုပြေလျော့စေတဲ့မိုး...
သူနဲ့တိုက်ရိုက်ထိတွေ့ခွင့်ရမယ့်မိုး။
သူ့အသံလေးကို မိုးစက်တွေကြား ဝိုးတိုးဝါးတားကြားပြီး နှစ်သိမ့်မှု့သူပေးတဲ့မိုး.....။
.
.
.
အိမ်ပြန်လမ်းက မိုးစက်တွေနဲ့ နွေးထွေးခဲ့တယ် ။ ခန္ဓာကိုယ်ပေါ် ကခုန်ဆင်းနေတဲ့မိုးစက်ထဲ သူ့ရဲ့ရီသံလေးက ပဲ့တင်ထပ်နေတယ် ။

မင်းပျော်တယ်မဟုတ်လား ။ ဒါဆို ငါလည်းပျော်တယ် ။

.
.
.
"ချောက်...... ''

တခါးဖွင့်ပြီး ဘယ်ဘက်နံရံကမီးခလုပ်ကို စမ်းပြီးနှိပ်ဖွင့်လိုက်သည် ။

အရင်အတိုင်း နွေးထွေးမှု့အပြည့်ရှိတဲ့ အိမ်က သူပြဲပန်ရောက်နေသလိုလို ။

Namjoon အင်္ကျီလဲဝတ်ပြီး နွေးနွေးထွေးထွေးနေလိုက်သည် ။ အံဝှက်ထဲ ဆေးဘူးအဖြူထဲက ဆေးအချို့ကိုယူကာ မမေ့မလျော့ သောက်လိုက်၏ ။ နောက်ဆုံး အိပ်ရာပေါ် စောင်အထူကြီးခြုံပြီး ခေါင်းအုံးအောက်က ဖုန်းထဲက တစ်ပုဒ်ထဲရှိသော သီချင်းကို မငြီးမငွေ့ဖွင့်လိုက်သည် ။

*Promise*

သူ့အတွက် လက်ဆောင်အဖြစ် သူဆိုပေးထားခဲ့သည့် promiseသီချင်းလေး ။

*တစ်ယောက်တည်းလို့ ခံစားနေမိရင်တောင်.....
ကိုယ့်ကိုယ်ကို မစွန့်ပစ်လိုက်ပါနဲ့....
အခု ဒီနေရာမှာတင် ရပ်ပြီး....
လက်သန်းလေးချိတ်ပြီး ကတိပေးပါ.... *

တစ်ယောက်တည်းလို့ခံစားနေရရင်တောင် ကိုယ့်ကိုယ်ကို မစွန့်ပစ်ပါနဲ့ ......လို့ မင်းပြောခဲ့တာက အခု ဒီလိုအခြေအနေမျိုးကိုလား jimin ။ ဟုတ်သားပဲ ။ အဲ့ဒီ့နေ့က မင်းငါ့ရဲ့ လက်သန်းလေးကို ချိတ်တွယ်ရင်း မင်းကတိတွေ အထပ်ထပ်တောင်းခဲ့တာပဲ ။
မင်းသိလား jimin။ မင်းပြောခဲ့တဲ့အတိုင်း ငါပျော်ပျော်ရွှင်ရွှင်နေနေတယ် ။ မင်းမှာထားတဲ့အတိုင်း တသွေမတိန်း ငါလိုက်နာတယ် ။ ဒါတွေရဲ့အဆုံးသတ်က ငါတို့နှစ်ယောက်ရဲ့ ပေါင်းစည်းခြင်းသာဆို ဘယ်လောက်ကောင်းလိုက်မလဲ ။.
.
.
.

FOREVER RAIN || Minjoon (Complete)Where stories live. Discover now