ချစ်သောပါးပါး (1)

199 4 3
                                    

မိုးများသည်းထန်စွာရွာသွန်းနေပြီး ဝန်းကျင်တစ်ခုလုံး လျှပ်စီးများလျှက်နေကာ
မိုးခြိမ်းသံကလွဲပြီး
တိတ်ဆိတ်နေတဲ့ ညတစ်ည.........။

ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသော 'ဒီပါ'အိမ်တော်ထဲတွင်.........

"အိမ်ထိန်းတော် ကလေးငိုသံကြားနေရတယ် 'ငယ်'နေမကောင်းဘူးလား"

"မဟုတ်ပါဘူး သခင်လေး မိုးတွေအရမ်းရွာနေတော့ ကလေးကအကြောက်လွန်နေတာပါ ကျွန်တော်အခုသွား
ကြည့်ပြီးချော့လိုက်ပါ့မယ်"

"ထားလိုက်တော့ ကျွန်တော်ကိုယ်တိုင်ပဲ သွားလိုက်တော့မယ် ကလေးတစ်ယောက်တောင် အငိုတိတ်အောင်မချော့
နိုင်တဲ့လူတွေကို မိုးလင်းတာနဲ့ မမြင်ချင်ဘူး "

"ဟုတ်ကဲ့ပါ သခင်လေး ကျွန်တော်အကုန်ရှင်းထားလိုက်ပါ့မယ်"

'ခွန်းဒီပ'............'ဒီပါ'အိမ်တော်ရဲ့အရှင်သခင် 'The Sun' လုပ်ငန်းစုရဲ့ CEO အသက်၂၂နှစ်သာရှိသေးပင်မဲ့ ရက်စက်သည် ပြတ်သားသည် လိုချင်တာကို ရအောင်ယူတတ်သည် အပြုံးအရယ်မရှိ မိသားစုတွေရှိပင်မဲ့ အတူမနေပဲ တစ်ဦးထဲသာ သီးခြားနေသည် ဒါပင်မဲ့ သူရဲ့အပြုံးတွေ သူရဲ့အခြားတစ်ဖက်ကို မြင်တွေ့ခွင့်ရှိသော မိန်းကလေး 'မြခွာညို' သူအချစ်ဆုံးအမျိုးသမီး သူရဲ့တစ်ဦးတည်းသော သူငယ်ချင်း သူ့အသက်၂၀မှာ သူ့ကို သူမရဲ့ကိုယ်ပွား 'ရှင်းသုတငယ်'ဆိုတဲ့ သူမနဲ့တစ်ပုံစံထဲတူတဲ့ ကလေးလေးကို သူ့လက်ထဲအပ်ပြီး လောကကြီးထဲကကော သူ့ဘဝထဲကပါ အပြီးတိုင်ထွက်သွားခဲ့တယ် အဲ့နောက်ပိုင်းကတည်းက အပြုံးဆိုတာ 'ခွန်းဒီပ' အဘိဓာန်မှာ မရှိသောစကားလုံးပဲ ..........။

ကလေးရဲ့ အဖေကိုသိသော်လည်း သူမကိုယ်တိုင် သူ့ဆီမှာအပ်သွားတာကြောင့် ပြန်ပို့ပေးဖို့အစီအစဉ်မရှိ သူ့အဖေဘက်က လူတွေကိုလည်း ကလေးကော အမေကော သေပြီဟုသာ အသိပေးထားသည် သူ့ဘဝမှာ သူ့အမေပြီးရင် အချစ်ဆုံးသူမရဲ့သားလေးကို လိုလေးစေ့မရှိ မျက်နှာ တစ်ချက်အညိုးမခံအောင် ထားသည် သူဒီကလေးကို မုန်းတယ် ဒီကလေးကြောင့် 'ညို' သူ့ဘဝထဲက ထွက်သွားခဲ့တာ ဒီကလေးကို 'ညို'ရဲ့ဆန္ဒတစ်ခုကြောင့်သာ သူစောင့်ရှောက်ပေးနေရတာ ဒါပင်မဲ့ ဒီကလေးလေးကို သူကလွဲပြီး အခြားသူထိတာလည်းမကြိုက် ကြည့်တာလည်းမကြိုက်ပေ ဒီကလေးက 'ညို'နဲ့ အတော်တူသည် ရုပ်ရည်ကော အကျင့်တွေပါတူသည် 'ညို'လိုပဲ ရယ်လိုက်ရင် ခွက်ဝင်သွားတဲ့ ပါးချိုင့်လေးနှစ်ဖက် ထူထည်သောမျက်ခုံး ဖန်ဂေါ်လီလုံးလေးတွေလို ဝိုင်းစက်နေတဲ့ အရောင်လဲ့လဲ့မျက်ဝန်းအိမ်တွေ ပန်းနုရောင်သန်းနေတဲ့ အသည်းပုံနှုတ်ခမ်းလေးရယ် အသားအရောင်ကတော့ သူ့အဖေဘက်ကိုတူစွာ အဝါရောင်သန်းနေသည် မိဘနှစ်ပါးလုံးရဲ့ ကောင်းခြင်းတွေအကုန်ရထားသူမို့တစ်ကိုယ်လုံးခြုံကြည့်လိုက်ရင် မိန်းကလေးတစ်ယောက် ရှုံးလောက်အောင် လှသည်...................။

You've reached the end of published parts.

⏰ Last updated: Aug 08, 2019 ⏰

Add this story to your Library to get notified about new parts!

ချစ်သော ပါးပါးWhere stories live. Discover now