🐿

2.1K 162 10
                                    

အချိန်ကား ည ၁၂နာရီ... ဒါပေမဲ့ H&H club အတွင်းက လူငယ်တွေကတော့ မြူုးကြွတဲ့ beat တွေရယ် ပြင်းရှရှ အရက်တွေကြောင့် သိပ်ကို ကောင်းနေကြပြီး မမောမပန်းနိုင် ကနေကြပါတယ်....



အဲ့အထဲမှာ lice တစ်ယောက်လည်း အပါအဝင်ပေါ့....

သူ့ဘေးနားမှာ မူးနေတဲ့ liceကိုထိန်းရင်း မြူးကြွတဲ့ beatတွေနဲ့အတူ ခန္ဓာကိုယ်ကို စည်းချက်အတိုင်း ယိမ်းနွဲ့ ကာ ကနေသော အလှနတ်ဘုရားမ park chaeကြောင့် clubအတွင်းမှ ပုရိသ တွေရဲ့ မျက်ဝန်းတွေက သူမ ရှိမှာပေါ့....



ဒါပေမဲ့ သူမဘေးမှာ liceရှိနေတဲ့ အတွက် ဘယ်သူမှ သူမဆီသို့ မကပ်ရဲ....




မူးရူးနေတဲ့ liceကလည်း သောက်နေတဲ့ barကနေ ဒယိမ်းဒယိုင် ခြေလှမ်းတွေဖြင့် က နေတဲ့ ရိုဂျယ်ဆီ သို့သွားပြီး ရီဝေဝေ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ကာ......

ဗလုံးဗထွေးအသံဖြင့်....

ကိုယ်တို့ရဲ့ နှုတ်ခမ်းလေးတွေကို သွေးပူ လေ့ကျင့်ခန်း လုပ်ရင် မကောင်းဘူးလား bae...

Can I kiss youဟု ပြောကာ ခွင့်တောင်းခြင်းမဟုတ်ဘဲ အသိပေးရုံသာဖြစ်ပြီး.....

Chaeရဲ့ နှင်းဆီရနံသင်းနေတဲ့ နှုတ်ခမ်းလေးကို ထိကပ်စားသုံးလိုက်ပြီး နှုတ်ခမ်းများကို အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်ယူရင်း သူမရဲ့ ခန္ဓာကိုယ်အနှံ့ကို ပွတ်သပ်ကာနေပါတော့သည်.....



ရိုဂျယ်က အရက်တွေဘာတွေကို မကြိုက်တက်ပေမဲ့ သူ့နှုတ်ခမ်းပါးက ရရှိတဲ့ ခါးသက်သက် အယ်လ်ကိုဟော အရသာကိုတော့ သူမ နှစ်သက်သည်....

နမ်းနေရင်း liceရဲ့လက်တွေ နယ်ကျွံလာတာကို ခံစားမိတော့ သူအရမ်းမူးနေတာကို သတိရပြီး liceရဲ့ အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ကာ အနမ်းတွေကို သူမဘက်ရပ်တန့်လိုက်ရတော့သည်....

ထို့နောက် နဖူးချင်းထိကာ အမောဖြေရင်း မောင် မင်းသိပ်ဆိုးတာပဲ....

အခုရော ဘယ်ဟာမတွေနဲ့ အကြည်စိုက်ပြီးပြန်လာတုန်း မူးရူးနေတာပဲဟု ဆိုတော့....

မောင် မမူးပါဘူး baeရ ဒီမှာကြည့် လက်၂ချောင်းထောင်ထားတယ် တွေ့လား အာလေးလျှာလေးဖြင့်ပြောတော့....

Only One(Completed)Where stories live. Discover now