၂၀၀၂ခုနှစ်၊ ပြင်ဦးလွင်မြို့။
လူမှန်းသိတတ်စအရွယ်ထဲက ဒီအိမ် ဒီခြံမှာကြီးပျင်းလာပီး ကိုယ့်အိမ်လိုသဘောထားနေခဲ့ပီးကာမှ အိမ်ရှင်တွေအလည်လာတော့မယ်ဆိုတော့ ရင်တုန်သည်။
အိမ်ရှင်တွေက ရုပ်ရှင်ထဲကနှုတ်ခမ်းမွှေးနဲ့လူဆိုးကြီးတွေလို ကြောက်စရာကောင်းနေမလား..။
မင်းသားမင်းသမီးတွေလို ချောမောလှပနေမလားလို့လဲ
မဟုတ်က ဟုတ်က လျှောက်တွေးဖြစ်သည်။Macadamiaပင်တွေချည်း စိုက်ပျိုးထားတဲ့ ခြံကျယ်ကြီးထဲမှာ ဆော့ကစားရင်း အိမ်ဘက်က ဆူဆူညံညံအသံတွေကြားတာကြောင့် အိမ်ရှင်တွေရောက်လာပီဆိုတာ လွန်းအိမ် သိလိုက်တယ်။
အပင်တွေကြားထဲက တိုးဝှေ့ထွက်လာရင်း အိမ်ဘက်ကို စပ်စုကြည့်တော့ Land Cruiserတစ်စီးရပ်ထားပီး အသားဖြူ ဖြူ အရပ်ထောင်ထောင်မောင်းမောင်းလူကြီးတစ်ယောက်က ဖေဖေနဲ့စကားပြောနေတယ်..။
လွန်းအိမ်ရဲ့ ဦးလေးဖြစ်သူ ဦးထွန်းကတော့ ပစ္စည်းတွေသယ်ပေးနေတယ်။ အပေါ်ဆင့်ကနေလှမ်းကြည့်နေတာမို့ မြင်ကွင်းက ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။
ခြံက တောင်ကုန်းစောင်းလေးမှာရှိတာကြောင့် မြေသားကို ၂ထပ်ထစ်ပီးမှ အပေါ်မှာ macadamiaတွေစိုက်တယ် အောက်မှာတော့ တိုက်တွေပေါ့။ကျောက်သားလှေကားထစ်ကနေ တိုးတိုးတိတ်တိတ်ဆင်းလာရင်း အိမ်နောက်ဖေးပေါက်ကတဆင့် အိမ်ထဲဝင်တော့...
"လွန်းအိမ် ဘယ်တွေလျှောက်သွားနေတာလဲ ဘဘကြီးက သမီးကိုမေးနေတယ် သွားနှုတ်ဆက်ရအောင် လာ"
လက်ဆွဲပီး မေမေခေါ်တဲ့နောက် ယက်ကန်ယက်ကန်လိုက်လာပေမဲ့ ဘဘကြီးဆိုတဲ့သူကိုတွေ့ရမှာ ကြောက်နေမိတယ်..။
"အဘ ဒါ သီတာတို့သမီးအငယ်ဆုံးလေး"
"အေး..သူတောင် ဒီအရွယ်ရောက်နေပီကိုး... ငါ့မြေးနဲ့ရွယ်တူပဲထင်တယ် အသက်ဘယ်လောက်ရှိပီလဲ သမီးလေးက "
"၄နှစ်ပါ ဘဘ"
သွက်သွက်လက်လက်ဖြေလိုက်တဲ့ လွန်းအိမ်ကို ဘဘက ခေါင်းလေးပုတ်ရင်း....
"ကလေးက တော်တော်သွက်တယ် အိမ်က ကလေးနဲ့တော့တခြားစီပဲ"
"စူးစူးလေးက လူကြောက်တတ်တယ်ထင်တယ် ကြီးကြီးမြနားကကို မခွာဘူးနော်"
YOU ARE READING
ပြာလဲ့လဲ့ ဂြို ဟ်
Romanceအလိုရှိရင် သုံးဆောင်ပါ.... ဘဝတစ်ခုလုံးကိုပဲဖြစ်ဖြစ်ပေါ့.....။