My Little Drunkard

1.6K 159 2
                                    

"သောက်တော်ဘူးရယ်နဲ့ အိုမကွာ အိုမကွာ.."

အိမ်ထဲ ဝင်ဝင်ချင်း ထမင်းစားခန်းထဲက ကြားရတဲ့အာလေးလျှာလေးသံကြောင့် Kyungsoo သက်ပြင်းတစ်ချက် ခပ်လေးလေးချမိသည်။
ဒီအမူးသမားလေးဟာ ဘယ်လိုတောင် မက်ဂျူ
ကို သူ့ရည်းစားလို သဘောထားပြီး သောက်နေသလဲဆိုတာ..
၁၈ နှစ် ပြည့်ပြီဆိုပြီး Alcohol ကို ခွင့်ပြုပေးလိုက်သမျှ တစ်ပတ်နှစ်ခါလောက် အိမ်မှာ တစ်ယောက်ထဲ အရက်ဝိုင်းထောင်တော့တာပဲ..

စိတ်ညစ်စရာရှိလည်းသောက်၊ပျော်စရာရှိလည်းသောက်၊Kyungsoo နဲ့ စိတ်ကောက်လည်းသောက်၊ကျောင်းက ဆရာက ဆူလိုက်ရင်လည်းသောက်၊သူငယ်ချင်းတွေ ရည်းစားရသွားရင်လည်းသောက်၊သူမွေးထားတဲ့ ကြောင်မလေး လင်နောက်လိုက်ပြေးတော့လည်း သောက်နဲ့..
တစ်နေ့ တစ်မျိုးမရိုးရအောင် အသောက်ဇာတ်ခင်းနိုင်လွန်းသည်။

Doh Kyungsoo ရေ ခံဟ ခံဟ!
ကလေးပေါက်စကို ချစ်မိပြီး ကလေးပေါက်စကို လက်ထက်မိမှတော့ ဒါမျိုးတွေ ခံရမှာပဲ။

ခေါင်းပေါ်က မရှိမဲ့ရှိမဲ့ ဆံပင်ငုတ်စိကို တဗြင်းဗြင်းကုတ်ရင်း ထမင်းစားခန်းဘက်သို့သာ ဦးတည်လိုက်ရတော့သည်။

"Baby ရေ..ဘာတွေ အဲ့လောက်သောက်နေတာလဲကွာ.. အစာအိမ်ထိတော့မှာပဲ"

"ဟာ..ဟာ
လူကြီးပြန်လာပြီ..
Baby ရဲ့ တစ်ဦးတည်းသောချစ်လှစွာသော ယောကျာ်းပေါက်စလေး Doh Kyungsoo ပြန်လာပြီ.... လူကြီးရယ်..Baby က အများကြီးမသောက်ပါဘူး...လမ်းထိပ်က Baby စားနေကြ မုန့်ဆိုင်လေးပိတ်သွားလို့ စိတ်ညစ်ပြီး ဒီလောက်လေး.. ပိစိလေး သောက်မိတာ...လူကြီး စိတ်မဆိုးပါနဲ့ ..နော်..နော်.."

လက်ညှိုးနဲ့ လက်မကို ထိကပ်ပြီး ပိစိလေးဆိုတဲ့ပုံစံလုပ်ပြနေတဲ့ အမူးသမားလေးက လူကသာ မျက်လုံးမဖွင့်နိုင်တော့တာ.. အဆူခံရမှာတော့ကြောက်ရှာသည်။Kyungsoo ကို ဆင်ခြေပေးဖို့တော့ မမေ့။

တဖြည်းဖြည်းနဲ့ ခေါင်းငိုက်စိုက်ကျလာသော လူဆိုးကောင်လေးကို ချစ်စနိုးအကြည့်ဖြင့်ကြည့်ရင်းနဲ့ပင် အိမ်အပေါ်ထပ်ကို တွဲခေါ်ဖို့လုပ်ရသည်။
အကောင်ပေါက်က စိတ်ကသာ ကလေးစိတ်နဲ့ လူကောင်ကတော့ Kyungsoo ထက်ထွားတာမို့ လှေကား အထစ်နှစ်ဆယ်ကျော်ကို နှစ်ယောက်သား ယိုင်ထိုးထိုးနဲ့တက်ရတာ မသက်သာလှ။

My Little Drunkard 🍺Where stories live. Discover now