My Little Drunkard

1.3K 140 19
                                    

Finale..

တောင်ပုံယာပုံ ပုံနေသော အလုပ်တွေကို အပြီးဖြတ်ဖို့ရာ အာရုံမနောက်စေရန်
Vibrate လုပ်ထားသော Ph က တဒီးဒီးမြည်လာသည်။ သည်းမခံနိုင်သည့် အဆုံး ကောက်ကိုင်လိုက်တော့ အိမ်က လင်တော်မောင် ကလေးစုတ်ဆီက ph ဖြစ်နေသည်။
ညနေစာ စားပြီးတော့မှ သူ့ကို ဂရုမစိုက်ဘဲ အလုပ်တွေပဲ လုပ်နေပါသည်ဆိုသည်ဆိုသည့် အကြောင်းပြချင်ဖြင့် အပြင်ထွက်သွားတာ..

ယားလို့တောင်မကုတ်အားလောက်အောင် ပုံနေသည့် အလုပ်တွေကြောင့် အဲ့ကလေးကိုလည်းလိုက်မချော့ဖြစ်။
ထုံးစံအတိုင်း Kyungsoo ကို စိတ်ကောက်ပါသည်ဆိုသော အကြောင်းပြချက်ဖြင့် Bar တစ်ခုခုမှာ သူကြိုက်သော Alcohol ကို ကြွက်တွင်းထဲ ရေလောင်းနေသလို လောင်းချနေလိမ့်မည်။

အလွန်အကျွံတွေ မူးပြီး ပြသနာရှာနေတာမျိုး မဖြစ်အောင် နောက်ကနေ လူတစ်ယောက်ကို စောင့်ကြည့်ခိုင်းထားလို့သာ Kyungsoo စိတ်အေးလက်အေး အလုပ်လုပ်နေနိုင်တာ...

ဒီကလေးနဲ့ သုံးရက်လောက်လေး ခရီးထွက်ဖို့အကေို လက်စသတ်ရသည့်အလုပ်တွေဆိုသည်မှာ သုံးလစာလောက်ရှိသည်ထင်ရသည်။
ဒါကိုလည်း သိသိရက်နဲ့ စိတ်ကောက်သေးသည်။
အမှန်တော့ စိတ်ကောက်တယ်ဆိုပြီး အကြောင်းရှာတာသက်သက်နေမှာ..ဒီကလေးက သူ့ပါးစပ်ထဲAlcohol လောင်းထည့်ဖို့ဆို အချိန်နေရာရွေးနေတာမဟုတ်။
ဘယ်လို ဖြစ်လို့ ဒီအရည်ကို ဒီလောက်ထိ ကြိုက်နေမှန်းကို မသိ။
မျိုးရိုးလိုက်တယ်ပြောရအောင်လည်း
သူတို့အမျိုးထဲမှာလည်း ဒါမျိုးလူမရှိပါဘူး။
ဘယ်လို ကောင်ဆိုးလေးမှန်းကို မသိတာ..

တပ်ထားတဲ့ မျက်မှန်ကို ဆွဲချွတ်ပြီး ညအိပ်ဝတ်စုံရဲ့ အပေါ်ကနေ ကုတ် အရှည်တစ်ထည် ထပ်ဝတ်၊ အကောင်ပေါက်လေးအတွက်လည်း အနွေးထည်တစ်ထည် ထပ်ယူရင်း Ph ဆက်ခေါ်လာသည့် Bar ကို ဦးတည်ရပြန်သည်။

အချိန်က လမ်းပေါ်မှာ လူသူမပြောနဲ့ ၊ခွေးတစ်ကောင် ကြောင်တစ်မြှီးမှမရှိ။
လမ်းဘေးတစ်လျှောက် ရိပ်ခနဲ ရိပ်ခနဲ ကျန်ခဲ့သော လမ်းမီးတိုင်တွေလောက်သာ ရှိနေသော အချိန်ဖြစ်နေပြီ။

Bar ကို ရောက်တော့ ထင်သည့် အတိုင်းကိုယ်တော်ချောက ဘောင်းဘီဒူးလောက်ကလေးဝတ်ပြီး ခြေနှစ်ချောင်းကို ခုံပေါ်တင်ပြီး ဒူးလေးထောင်ပြီး ထိုင်နေသည်မှာ ဝတ်ထားသည့် ဘောင်းဘီက ပေါင်ရင်းရောက်နေပြီ။
ဘေးနားကနေ မျက်လုံးထဲကအသည်းပုံတွေ ဘလင်း ဘလင်း ထွက်ရင်း Kim Jongin ကို ငမ်းနေသော မဒီတွေကို Kyungsoo ဘုရှိုး တစ်ချက်ရှိုးလိုက်သည်။

My Little Drunkard 🍺Where stories live. Discover now