ကြီးမားလှတဲ့နန်းတော်ကြီးကို ကာဆီးဝန်းရံထားတဲ့ အုတ်တံတိုင်းကြီးတစ်ခု အုတ်တံတိုင်းရဲ့အနောက်ကနေ ရေးတေးတေးမြင်နေရတဲ့ နန်းတော်ကြီးက ခ်းနားထည်ဝါပြီးအေးချမ်းလှပါလား အပြင်ပုံပန်းသဏ္ဍာန်က အေးချမ်းပေမယ့် တော်ဝင်မိသားစုရဲ့အတွင်းရေးပြဿနာတွေကိုတော့ ဘယ်သူက မြင်နိုင်မှာလဲ
Sehan-"hu~...."
Jun-"မင်းသမီးhan အဆောင်တော်ကိုပြန်သင့်ပါပြီ"
Sehan-"မပြန်ချင်သေးဘူး Jun အဆောင်တော်ထဲမှာနေရတာ မွန်းကျပ်တယ်"
Jun-"မင်းကြီးသိရင် အမျက်တော်ရှပါလိမ့်မယ် အမြန် ကြွမြန်းတော်မူသင့်ပါတယ်"
Sehan-"ကောင်းပြီလေ ပြန်တာပေါ့"
Oh Sehan ဘတ်ဂျယ်ရဲ့ အိမ်ရှေ့စံမင်းသမီးတစ်ပါး ရုပ်ရည်ကလည်း တိုင်းပြည်ရဲ့ မင်းသမီးတစ်ပါးဖြစ်တဲ့အတွက် လျှော့တွက်လို့မရ စာပေမှာလည်းထူးချွန်ပြီး လက်ရုံးရည်လည်းတတ်ထားတာမို့ တိုင်းပြည်ရဲ့အင်အားပင် ခက်တာက သူမက မင်းကြီးနဲ့မိဖုရားရတဲ့ကလေးမဟုတ်ဘဲ မင်းကြီးနဲ့ကိုယ်လုပ်တော်ရတဲ့ကလေးမို့ တော်ဝင်မင်းသမီးအမည်ခံထားပေမယ့် တော်ဝင်သွေးသားတစ်ယောက်လို မဆက်ဆံကြ မင်းကြီးကလည်းပစ်ထားသလို မိဖုရားကလည်းလှည့်မကြည့် သူ့နားရှိတာဆိုလို့ သူ့ရဲ့ကိုယ်ရံတော်Junweiသာရှိသည်
Sehan-"Jun ညီလာခံမှာ ဘာတွေအစီရင်ခံကြသေးလဲ"
Jun-"အဲ့တာက...စိုးရွံ့မိပါတယ် မင်းသမီးhan"
Sehan-"ဘာအရေးမို့လဲ လျှောက်တင်စမ်း"
Jun-"ရှီလာနဲ့မဟာမိတ်ဖွဲ့ဖို့အတွက်ပါ"
Sehan-"အဲ့တာက ဘာအရေးကြီးလို့လဲ ခမည်းတော်ကမဟာမိတ်ဖွဲ့နိုင်မှာပါ"
Jun-"ဒါပေမယ့် အဲ့ဒီမဟာမိတ်ဖွဲ့ဖို့အတွက် အမတ်တွေက မင်းသမီးhanကို ရှီလာရဲ့အိမ်ရှေ့စံထံ ဆက်သဖို့ အစီရင်ခံပါတယ်"
Sehan-"ဘာ ရှီလာရဲ့အိမ်ရှေ့စံဆီ ဆက်သမယ် 😧ခမည်းတော်ဆီ သွားရမယ် ခမည်းတော် ဘယ်မှာရှိလဲ "
Jun-"မင်းကြီး စာကြည့်ခန်းထဲမှာရှိနေပါလိမ့်မယ်"
Sehan-"အခုသွားမယ်"
sehan စာကြည့်ခန်းဆီ အသည်းအသန်သွားနေလေသည် အကယ်၍ ရှီလာကိုသာဆက်သခံရမယ်ဆိုရင် သူတို့ဆီကျွန်သွားခံသည့်သဘောမို့ မလုပ်နိုင် အိမ်ရှေ့စံကလည်း ဘယ်လိုစိတ်ထားရှိမှန်းမသိ ဘယ်အသက်အရွယ်မှန်းမသိ ဘယ်လိုရုပ်ရည်မှန်းမသိပဲနဲ့ ဆက်သမခံနိုင်
အထိန်းတော်-"မင်းကြီး မင်းသမီးhsnအခစားဝင်ကြောင်းပါ"
မင်းကြီး Oh-"ဝင်လာခဲ့"
Sehan-"ခမည်းတော် ရှီလာနဲ့မဟာမိတ်ဖွဲ့မဲ့အကြောင်းကြားပြီးသွားပါပြီ သမီးတော် ဆက်သမခံနိုင်ပါဘူး"
မင်းကြီးOh-"နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စပဲ လွယ်လွယ်လုပ်လို့ဘယ်ရမလဲ မင်္ဂလာလမ်းဖောက်မှအဆင်ပြေမှာပေါ့"
Sehan-"ဒါပေမယ့် အဲ့တိုင်းပြည်ရဲ့နန်းတွင်းအခြေအနေကဘယမှန်းမသိပဲနဲ့ သမီးတော်ကိုသွားခိုင်းမလို့လား"
sehanပြောနေရင်းနဲ့ မျက်ရည်တွေဝဲလာသည်
မင်းကြီးOh-"သဘက်ခါရှီလာကိုသွားရလိမ့်မယ် ပြင်ဆင်ထားပါ"
Sehan-"ခမည်းတော်....သမီးတော်ကို....စွန့်မပစ်လိုက်ပါနဲ့...သမီးတော်မသွားနိုင်ပါဘူး...သမီးတော်ကိုကယ်ပါနော်..."
sehanမျက်ရည်တွေကျလာပြီဖြစ်သည်
မင်းကြီးOh-"အမိန့်တော်ပဲ ဘယ်သူမှလွန်ဆန်လို့မရဘူး"
မင်းကြီး စာကြည့်ခန်းထဲကထွက်သွားပြီဖြစ်သည် sehan သူမခမည်းတော်ရဲ့ နောက်ကျောကိုကြည့်ရင်း ထိုင်ငိုလျှက်ကျန်ခဲ့လေသည် ရက်စက်နိုင်လွန်းသည် ဘယ်လောက်ပဲကိုယ်လုပ်တော်နှင့်ရရ sehanမှာ သူ့သွေးပါသည်မဟုတ်လား တော်ဝင်သွေးအပြည့်မဟုတ်တောင်တစ်ဝက်စီးဆင်းနေသည်မဟုတ်လား
Jun-"မင်းသမီးhan ထပါ ဒီနေရာမှာမထိုင်သင့်ပါဘူး"
Sehan-"ဘာလဲ ငါက ခမည်းတော်ရဲ့စာကြည့်ခန်းကြမ်းပြင်မှာ ထိုင်ငိုရလောက်အောင်တောင် ဒီနေရာနဲ့မတန်ဘူးလား ဟမ်"
Jun-"မဟုတ်ပါဘူး မင်းသမီးhan ဒီမှာထိုင်ရင်အေးပါတယ် အဆောင်တော်ကိုပြန်ရအောင်"
Sehan-"ငါ့ဘက်မှာနင်ပဲရှိတယ်😢"
sehanနဲ့junweiက ငယ်ငယ်ကတည်းက အတူတူမို့သူငယ်ချင်းလို့ဆိုလည်းရလောက်သည် အဆောင်တော်ကိုပြန်ရောက်တော့
Jun-"ရှီလာကိုသွားဖို့ပြင်ဆင်ထားပါ့မယ်"
Sehan-"ဟိုရောက်ရင် အဆင်ပြေပါ့မလားဟင်"
Jun-"ကျွန်တော်မျိုးလည်း မင်းသမီးhanနဲ့အတူ လိုက်ပါလာမှာပါ စိတ်မပူပါနဲ့"
Sehan-"အွန်းပါလေ"
မနက်ခင်းရဲ့ အလင်းရောင်က sehanရဲ့အဆောင်တော်ထဲ ဖြာကျလာတဲ့အခါမှာတော့
Jun-"မင်းသမီးhan မနက်စာ သုံးဆောင်ရမယ့်အချိန်ပါ"
Sehan-"အွန်း လာခဲ့မယ်"
sehanက ငယ်ငယ်ကတည်းက အပြုံးအရယ်သိပ်မရှိ တည်တည်တံ့တံ့နဲ့ကျက်သရေရှိလှသည် အခုလည်း ကိုရီးယားရိုးရာဝတ်စုံကို ခရမ်းနဲ့ပန်းရောင်တွဲဖက်ပြီး ဝတ်ဆင်ကာ အဆောင်အပြင်သို့ထွက်လာသည်မို့ မြင်သူတိုင်းမျက်လုံးကျိန်းရက်လောက်အောင်လှသည် မင်းသမီးရဲ့ဆွဲဆောင်မှုတစ်ခုကတော့ ရွှန်းလဲ့ရည်ဝေနေတဲ့ သမင်မျက်ဝန်းလေးပင်ဖြစ်သည် သူမရဲ့ မျက်ဝန်းများနှင့်မျက်လုံးချင်းဆုံလိုက်လျှင်ရုန်းမထွက်နိုင်တော့သည်မှာ အမှန်ပင်
Sehan-"Jun ဒီနေ့ ဘာတွေလုပ်စရာရှိလဲ"
Jun-"မရှိပါဘူး မနက်ဖြန်ရှီလာသွားဖို့အတွက်လည်းအကုန်ပြင်ဆင်ပြီးပြီမို့ လုပ်စရာမရှိပါဘူး"
Sehan-"အဲ့တာဆို ဒီနေ့ပဲ ရှီလာကိုသွားမယ်"
Jun-"ဘယ်လို မင်းသမီးhan အဲ့ဒါက"
Sehan-"ငါ ဒီနန်းတော်မှာ တစ်ရက်လေးတောင်နေချင်စိတ်မရှိတော့တာမို့ မြန်မြန်ထွက်ခွာဖို့ပြင်ပါ"
Jun-"ဟုတ်ကဲ့ နားလည်ပါပြီ"
Sehan-"hu~...."
sehsn နန်းတော်ကြီးကို နောက်ဆုံးအနေနဲ့လှည့်ပတ်ကြည့်ရှုလိုက်သည်
ဘယ်တော့များမှပြန်လာဖြစ်မယ်မသိ အသက်ရှင်လျက်ရောပြန်လာနိုင်ပါ့မလား
Jun-"မင်းသမီးhan အဆင်သင့်ဖြစ်ပါပြီ"
Sehan-"အွန်း လာပြီ"
sehan ဝေါယာဉ်ပေါ်ကိုတက်ထိုင်လိုက်သည် မြင်းနှစ်ကောင်က စပြီး လမ်းလျှောက်လိုက်တာနဲ့ ဝေါယာဉ်လေးတစ်လှုပ်လှုပ်သွားရင်း ရှီလာကိုဦးတည်လိုက်ကြသည်
🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐
ရှီလာ၌အထိန်းတော်-"အိမ်ရှေ့စံ မင်းကြီးအခေါ်တော်လွှတ်လိုက်ကြောင်းပါ"
Luhan-"လာခဲ့မယ် "
Xun-"hyungnim ခမည်းတော် အခေါ်တော်လွှတ်တယ်ဆိုတော့ ဘာကိစ္စများလဲမသိဘူးနော်"
Luhan-"အွန်း hyungလည်းဘာသတင်းမှမကြားမိပါဘူး"
Xun-"မြန်မြန်သွားတော့လေ တော်ကြာ ခမည်းတော် အမျက်တော်ရှနေအုံးမယ်"
Luhan-"အွန်း Xun ဒီမှာပဲ စောင့်အုံးနော်"
Xun-"nae"
luhan မင်းကြီးနန်းဆောင်ရောက်တော့
အထိန်းတော်-"မင်းကြီး အိမ်ရှေ့စံ အခစားဝင်ကြောင်းပါ"
မင်းကြီး Xaio-"ဝင်လာခိုင်းလိုက်"
Luhan-"မင်းကြီး အခေါ်တော်လွှတ်တယ်ဆိုလို့ပါ"
မင်းကြီးxaio-"ဟုတ်တယ် အိမ်ရှေ့စံ ကိုယ်တော်တို့ ရှီလာတိုင်းပြည်နဲ့ဘတ်ဂျယ် မဟာမိတ်ဖွဲ့ဖို့ရှိတယ် မဟာမိတ်အတွက်ဘတ်ဂျယ်က သူတို့ရဲ့အိမ်ရှေ့စံမင်းသမီးကိုဆက်သလိမ့်မယ် မင်းနဲ့လက်ဆက်ရလိမ့်မယ်"
Luhan-"ဗျာ😧"
မင်းကြီးxaio-"ဒီနေ့ သူတို့ဘတ်ဂျယ်ကထွက်ခွာလာပြီ ရောက်ရင်သူတို့ခန အနားယူုပြီးတာနဲ့ မင်္ဂလာပွဲကိုစီစဉ်လိမ့်မယ်"
Luhan-"အမိန့်တော်ကိုနာခံလျက်ပါ"
luhan အဆောင်အပြင်ရောက်တော့
Luhan-"ဘတ်ဂျယ်ရဲ့အိမ်ရှေ်စံမင်းသမီးဆိုတာက သတင်းတွေမွှေးနေတဲ့တစ်ယောက်များလား အရမ်းလှတယ်လို့ကြားတယ် အရယ်အပြုံးမရှိဘူးဆိုလားပဲ ငါနဲ့တော့တွေ့ပြီ ငါကပေါတောတောနဲ့😅 "
💗💗💗💗💗💗💗💗💗💗💗
Sehan-"အရှင့်သားက ဘယ်လိုပုံစံဖြစ်လောက်လဲ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့မုတ်ဆိတ်မွှေးတွေနဲ့များလား ဒါမှမဟုတ် အသားဖြူဖြူ အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးများလား"😔
~~~~~to be continued~~~~~