[Zawgyi]
_The Last Person_
'' P' Arthit ''
Arthit တစ်ယောက် ရှက်ရမ်းရမ်းပြီး ချစ်ရသူ ရင်ခွင်ထဲ ပုန်းကွယ်နေရာမှ Kongpop၏ ရှတတခေါ်သံတို့တွင် တောင်းဆိုမှုတစ်ချို့ ပါရှိကြောင်း ခံစားမိသော်လည်း မျက်နှာတို့က အလိုလို မော့ကာ ထိုအရာကို လိုက်လျောသည့်အလား ကျရောက်လာမည့် အကြင်နာတို့ကို စောင့်ဆိုင်းနေမိ၏။
'' ဟေး N' Arthit... N' Arthit ''
သို့သော် Arthitနာမည်ကို တကြော်ကြော်ခေါ်ကာ အပြေးလာနေသော P' Cherry တို့ အုပ်စုကြောင့် ပေါင်းကူးလမ်းလေးပေါ်မှ နှစ်ဦးသားခမျာ ကပြာကယာဖြစ်သွားကာ Arthitသည်လည်း Kongpop ရင်ခွင်ထဲမှ ထရမလို ဒီအတိုင်းပဲ နေရမလို ဖြစ်နေတော့သည်။
'' အာ ရတယ် N' Arthit သက်သာသလိုနေ အဆင်ပြေရဲ့လား ''
အနားရောက်တော့ P' Guy က ပြောလိုက်သော်လည်း Arthit ... Kongpop ရင်ခွင်ထဲမှ ထထိုင်ကာသာ ပြန်ဖြေလိုက်တော့သည်။
'' ဟုတ် ပြေပါတယ် P' Guy အသက်ရှု နည်းနည်း ကြပ်သွားရုံပါ ''
'' တော်သေးတာပေါ့ကွာ ဒီလောက်ပဲဖြစ်လို့ ''
'' အထဲမှာကော အခြေအနေတော်တော်ဆိုးလားဗျ ''
ထိုအချိန် အနားမှ မျက်နှာစိမ်းတစ်ဦးက မေးလာသည်ကို P' Guy က ဝင်ရှင်းပြပေးလိုက်မှ Kongpop လည်း သိုလှောင်ရုံထဲမှ အကြောင်းကို ရှင်းပြပေးလိုက်ရသည်။
'' သြော် Kongpop ဒါ မီးသတ်က အရာရှိ Khun Owel ပါ အထဲက အခြေအနေလေး ပြောပြလိုက်ပါဦး ''
'' သြော် ဟုတ် P' Guy ... အထဲမှာ အခြေအနေမဆိုးပါဘူး Wire Shock ဖြစ်တာပဲလို့တော့ ထင်ပါတယ် သေချာအောင်တော့ Khun Owel တို့ပဲ တစ်ချက် ဝင်ကြည့်လိုက်ပါခင်ဗျ ''
'' ဟုတ် ဒါဆို ခဏ ဝင်ကြည့်လိုက်ပါမယ်နော် ''
မီးသတ်အဖွဲ့ အထဲဝင်သွားပြီးမှ Arthit အခြေအနေကို စိုးရိမ်ကာ မေးမြန်းနေကြသည်ကို Arthit က ဖြေမည်လုပ်လိုက် Arthit အစား Kongpop က ဖြေပေးလိုက်နှင့် မနိုင်သည့်အဆုံး Arthit လည်း ခေါင်းတရမ်းရမ်းနှင့် Kongpop ကိုသာ ပေးဖြေလိုက်တော့လေ၏။
'' ဟာ မေ့နေတာ ဒါဆို N' Kongpop လက်ကျန်ပစ္စည်းတွေ မီးထဲ ပါသွားပြီပေါ့ ဟုတ်လား ''
BẠN ĐANG ĐỌC
↭နောက်ဆုံးလူ↭ {Z&U}
Fanfiction'' The Door, The Air And Good Day '' MV လေးရဲ့ အဆက်သဘောမျိုး စိတ်ကူးယဉ်ကြည့်ထားတာပါ။ P' Arthit တစ်ယောက် အသည်းကွဲပြီး မင်္ဂလာဆောင်ကအပြန် Kongpop နဲ့ ဘယ်လိုဆုံသွားမလဲ ? ဒီဆုံတွေ့မှုဟာ တစ်ကယ်ပဲ မတော်တဆလား ? တစ်ညတာအမှားတိုင်းဟာ ခံစားချက်အမှားတွေပဲလား ? အခ...