The Fight

1.8K 182 17
                                    

Author's POV~~~

Jungkook က သူ့ရုံးခန်းထဲတွင်​ မတ်​တက်​ရပ်​ကာ
ထိုမိန်းက​လေးလုပ်​သမျှ စိတ်​မရှည်​စွာ ရပ်​ကြည့်​​နေသည်​...
ထိုမိန်းက​လေးကလဲ ကွန်​ပြူတာ နှစ်​လုံးနဲ့ အ​တော်​ကို
အလုပ်​ရှုပ်​​နေပုံ....

ဒါ​ပေါ့ သူအလုပ်​ရှုပ်​ခံပြီးလုပ်​​ပေးမှာ​ပေါ့ Jungkook က
သူ့ကိုကူညီရင်​ ဝမ်​ ငါးသိန်း ​ပေးမည်​​ပြောထားသည်​ကိုး...

အံမယ်​ သူက ဒီကို​ရောက်​​ရောက်​ချင်းကို
ပိုက်​ဆံဘယ်​​လောက်​​ပေးမလဲ အရင်​​မေးတာ...

အခု​တော့ သူ့ကွန်​ပြူတာနဲ့ အလုပ်​ရှုပ်​​နေတာကို
ရပ်​လိုက်​​လေပြီ...

"ဘာလဲ ရှာမ​တွေ့လို့လား"

"မဟုတ်​ဘူး...​တွေ့ပြီ....ငါ့​နောက်​လိုက်​ခဲ့...ငါ့ကိုပါ ​သေနတ်​တစ်​လက်​​ပေး...လိုလိုပိုပို​ပေါ့"

"​ကောင်းပြီ​လေ...."

Jungkook လဲ ထိုခုံ​ပေါ်တွင်​ ရှိရာ Pistol အား
သူ့ကိုလှမ်းပစ်​​ပေးလိုက်​​တော့ သူကလဲဖမ်းသည်​...

"ငါ့နာမည်​ကိုမှတ်​ထားပါ ...ငါက Choi Sora..."

"ငါမ​မေးဘူး"

"ဟဟ...နင်​​နောက်​အကူအညီလို​တော့ ငါ့နာမည်​နဲ့
မှတ်​ထားလို့ရတာ​ပေါ့"

"......"

Jungkook စိတ်​ရှုပ်​လှပြီ....
ရောက်​ကထည်းက ပိုက်​ဆံအ​ကြောင်းရယ်​....
သူ့ကိုယ်​သူချီးမွမ်းခန်းဖွင့်​တာရယ်​...
Jungkook လဲနားငြီးလှပြီ...
Choi Sora သည်​လဲ ဘယ်​လို Psycho မျိုးလဲမသိ...
သေချာတာတစ်​ခုက​တော့ ဘဝင်​မြင့်​သည့်​​ရောဂါဖြစ်
မည်​ထင်​သည်​။

Sora လဲ Jungkook ရဲ့ကားနဲ့ပဲသွားသည်......
သူက ကား​ပေါ်မှ GPS ကိုကြည့်​ကာ ဘယ်​သွား ညာသွား
ပြော​ပေးရသည်​။
အ​နက်​​ရောင် Mercedes ကား​လေးက လမ်းမ​ပေါ်မှာ တစ်​​ရွေ့​ရွေ့​ရောက်​လာ​လေပြီ​လေ.....
MinHo ၏ ​နေရာဆီ...

အော်​...သူကလဲ Gang နဲ့ပဲကိုး...

ကား​လေးအား ​ချောင်​ကျသည့်​​နေရာ​လေး၌ ပါကင်​ထိုး
ထားလိုက်​သည်​...အ​ဆောက်​အဦး ကိုလှမ်းမြင်​နိုင်​သည့်
နေရာ​လေးလဲဖစ်​သည်​။ သို့​သော်
အ​ဆောက်​အဦးကကြည့်​လျှင်​ သူတို့ကိုလှမ်းမမြင်​ရ​ချေ။

Psycho Boy// TK ✔Where stories live. Discover now