Ep 1 : First meet (Z + U)

18.8K 1.1K 45
                                    

(Zaw)

London - 1998

ခပ်ဖွဲဖွဲ ကျနေသော မိုးစက်တို့ အောက်
ထီးအမဲ ကို ကိုင်ဆောင်းလျှက်
သူ အပြေးဝင်လာခဲ့သည် က Luxury Hotel...။

ထီး ကို အပေါက်မှာရပ်နေတဲ့ ဝန်ထမ်းက
အလိုက်သင့်ယူလိုက်ပြီး ပုခုံးပေါ် အနည်းငယ်
တင်ကျန်နေတဲ့ ရေစက်လေးတွေကို ခါလိုက်သည်။

Necktie ကို သေချာပြန်ပြင် ပြီး
Party Room ထဲ ဝင်လိုက်တော့
အကုန်လုံးရဲ့ အကြည့်တွေက
သူ့ဆီစုပြုံလာသည်။

ပါးချိုင့်နက်နက်ပေါ်ရုံသာ ပြုံးပြပြီး
Waiter ကောင်လေး အနားရောက်လာတာ
ကြောင့် ပေါ့ပေါ့ပါးပါး
Chocktail ခွက်ကိုသာ ယူလိုက်သည်။

"Mr.Park...လာလာ ဒီဘက်ကို.."

သူ့ကို အပြေးလာခေါ်တဲ့ လူကြီးလူကောင်း
တချို့ကြောင့် အားနာပါးနာဖြင့်သာ
ပြုံးပြပြီးလိုက်သွားလိုက်သည်။

"အခုလို မအားတဲ့ကြားက ကျွန်တော့
Birthday party ကို လာပေးတဲ့အတွက် Mr.Park ကို အရမ်းကျေးဇူးတင်ပါတယ်"

စားပွဲအဝိုင်းအတိုင်း ဝိုင်းနေသော
လူအများကြားမှာ သူ့ကိုသာအလေးပေးနေသော
ပုံစံကြောင့် အနည်းငယ်နေရခက်သည်။

"ဟား ရပါတယ်...စီးပွားရေး ပါတနာတွေပဲ
လာရမှာပေါ့"

ရယ်စရာမပါပဲ ဝိုင်းရယ်လိုက်ကြသော
ထိုလူအုပ်ကြောင့် သူတချက်ပြုံးပြပြီး
Chocktail ကိုသာမော့ချလိုက်သည်။

ခေါင်းကိုခါရမ်းပြီး စိတ်ရှုပ်ရှုပ်နဲ့ Toilet ထဲသာ
ဝင်ခဲ့လိုက်သည်။ လက်ဆေးပြီး ပြန်ထွက်လာ
တော့ အားပြင်းပြင်းနဲ့ ဝင်တိုက်မိတာကြောင့်
ပုခုံးကို ဖိကာ ညည်းလိုက်မိသည်။
တဖက်လူကတော့ ပစ်ပင်လဲကျသွားသည်။

လဲကျသွားတဲ့ သူကို စိတ်ညစ်ညစ်နဲ့
ကြည့်မိတော့မှ သူမျက်လုံးပြူးသွားရသည်။
အံ့ဩသည်ထက် ပိုသွားသည်ဆို ပိုမှန်မည်။

ဇာပိတ်စ ကိုမှ ရှည်လိုက် တိုလိုက်
ကတ်ကြေးနဲ့ ကိုက်ထားသလို ဝတ်စုံနဲ့
ခပ်ဝါဝါ ဆံပင်အတုကြီးက မညီမညာ...။

ဆေးခြယ်ထားသော မျက်လုံး မှာလဲ
Liner တွေပင် အကုန် ပေပွနေသေးသည်။
နှုတ်ခမ်းနီကို မညီမညာ ဆိုးထားသော
ပုံစံကြောင့် သူအတွေးထဲမှာ Hotel အပြင်က
တောင်းစားတဲ့ ကလေးတွေများ ဝင်လာသလားပေါ့။

Mr.Potato Head {COMPLETED}Where stories live. Discover now