Ep 31 :Bombs on Monday

2.9K 475 40
                                    

Byun အိမ်တော်ရဲ့ ပတ်ပတ်လည်တွင်
ဝဲနေသော Spot ပျောက်တည်ရှိရာ ယာဉ်ငယ်အသေးစားလေးတွေ များစွာလည်ပတ်နေသည်။

အနက်ရောင်ကုတင်ဘေးမှာ B အရုပ်ကြိုးပျက် လဲကျနေ ပြီး John က B ပုံစံကို နံရံကို မှီကာ
သက်ပြင်းချလျက်ကြည့်နေသည်။

တခုခု မှားယွင်းလာမှာကို မသိခဲ့ပုံပဲ....။

"အပန်းဖြေအိမ်လဲ မီးလောင်သွားတယ် "

အင်မတန်နာကျင်နေသော B အသံက တိတ်ဆိတ်နေတဲ့ အခန်းထဲ ကျယ်လောင်စွာ ထွက်လာသည်။

B ဆက်ပြောလာမယ့် စကားကို John ငြိမ်သက်စွာ နားထောင်နေလိုက်သည်။

"Loey ကိုလဲ...ဟင့်...ခင်များတို့...."

"စိတ်လျော့ B ....ဖြစ်ပြီးတာတွေ ဖြစ်ပြီးပြီ....
ကိုယ် မင်းကို ဘာပြောခဲ့လဲ....  မင်းရွေးချယ်မှု့ မမှားစေနဲ့လို့ ကိုယ်သတိပေးခဲ့တယ်လေ B !!"

"ကျွန်တော်မှ....ခင်များ ကို မ..ချစ်.တာ.."

တလုံးချင်း အက်ကွဲစွာ ထွက်လာတဲ့
စကားက John ကို အနည်းငယ်တော့ နာကျင်သွားစေသည်။

ဒီလောက်ထိတောင်ပဲလား B....

"ကျွန်တော် နောင်တရနေမယ်... ခင်များထင်နေလား...ကျွန်တော် Loey ကို ရွေးချယ်လိုက်လို့ Loey သေရရင်တောင် အဆုံးစွန်ထိ ကျွန်တော့ ဆုံးဖြတ်ချက်ပြောင်းလဲမသွားဘူး..."

John အားမရစွာ ဆံပင်တွေကို ဆွဲဖွလိုက်ရင်း
ပြောစရာစကားများ နှုတ်ခမ်းထက်တွင် ပျောက်ရှနေခဲ့ရသည်။

ဒီလောက်နဲ့ပဲ...မင်းစကားတွေ....!!

"မင်း ဘယ်လောက်ထိ ခေါင်းမာနေဦးမှာလဲ B...
မင်းအခုလိုလုပ်နေလဲ အပိုပဲ...မင်း ရဲ့ Loey
Park က သေပြီ!!"

"မပြောနဲ့!!!"

နားကို ပိတ်ကာ မျက်လုံးတွေကို မှိတ်ရင်း B က
ဒေါသတကြီး အော်ဟစ်နေသည်။
ဒါ..B အသိစိတ်မကပ်တာ...

B နဲ့ အနေနီးဖူးတဲ့ လူတယောက်အနေနဲ့ B အသိစိတ်ပျောက်ရင် ဘယ်လောက်ဆိုးလဲ သူသိသည်။ John, အရှေ့ကို တလှမ်း တိုးလာလိုက်သည်။

"မလာနဲ့!!!!"

"ကိုယ့်ကို ကြည့် B.... မင်း အရူးလို လုပ်မနေနဲ့..."

Mr.Potato Head {COMPLETED}Where stories live. Discover now