At Seoul Hospital,
ဆေးရုံထဲကိုပြာပြာသလဲနဲ့ဝင်လာတဲ့Baekကိုဆေးရုံထဲကလူအများဝိုင်းကြည့်နေမိသည်..မျက်ရည်စတွေရွှဲနေတဲ့သူမ..
Baek-Arjima....chanyeolရောဟင်...
Yeol's omma-စိတ်အေးအေးထားပါသမီးရယ်..ဆရာဝန်ကမစိုးရိမ်ရတော့ဘူးလို့ပြောပါတယ်..
Baek-တော်သေးတာပေါ့..အရေးပေါ်ခန်းထဲကရောထွက်လာပြီလားဟင်..
Yeol's omma-မကြာခင်ထွက်လာတော့မှာပါ..
ထိုစဉ်,
ဆရာဝန်-လူနာအခန်းထဲကိုပြန်ရောက်ပါပြီ..မကြာခင်သတိရလာပါလိမ့်မယ်..
Baek-nae...
Yeolရှိရာအခန်းထဲကိုအရင်ဆုံးပြေးဝင်သွားတဲ့သူကတော့Baekပါပဲ..ခုတင်ပေါ်မှာမေ့နေတဲ့yeolရဲ့လက်ကိုသူမ ဆုပ်ကိုင်လိုက်ကာ..
Baek-နင်မြန်မြန်ထလာပါတော့နော်..ငါနင့်ကိုစိတ်ပူလို့ရူးတော့မယ်ဟ..မြန်မြန်ပြန်ထပါတော့နော်..
ထိုစဉ်..Yeolရဲ့လက်ချောင်းကလေးတွေကစတင်လှုပ်လာပါတော့တယ်..မကြာခင်မှာပဲ..yeolရဲ့မျက်ခွံလေးတွေလှုပ်ရှာလာပြီးမျက်လုံးပွင့်လာပါတော့တယ်..ပတ်ဝန်းကျင်မြင်ကွင်းဟာခပ်ဝါးဝါးကနေသဲသဲကွဲကွဲဖြစ်လာပါတယ်..Yeolမြင်ကွင်းမှာပထမဆဲုးမြင်လိုက်ရသူကတော့မျက်ရည်တွေရွှဲနေတဲ့မျက်နှာနဲ့ဝမ်းသာအားရသူ့ကိုကြည့်နေတဲ့Baek..Yeolရဲ့နှုတ်ခမ်းတစ်စုံတဖြည်းဖြည်းလှုပ်ရှားလာကာ..
Yeol-စွာ...စွာတေး..
Baek-omm...နင်ငါ့ကိုမှတ်မိတယ်နော်..
Yeol-ငါကဘာလို့မေ့ရမှာလဲ..ငါ့ဦးနှောက်ကအကောင်းကြီး..နင့်လိုမဟုတ်ဘူး..
Baek-နင်နော်..သူများကအကောင်းနဲ့မေးတာကို..
Yeol-စွာတေးမ..
နှုတ်ခမ်းဆူပြီးစိတ်ဆိုးတဲ့ပုံဖြစ်နေပေမယ့်..Yeolအသံလေးကိုကြားလိုက်ရမှသူမစိတ်အေးသွားပါတယ်..
Yeol's omma-သားလေး..ခေါင်းကဒဏ်ရာသက်သာရဲ့လား...အရမ်းနာနေသေးလားသား..
Yeolကသူ့လက်နဲ့သူ့ခေါင်းကိုပြန်စမ်းကြည့်လိုက်တယ်...ပတ်တီးလိပ်တစ်ခုကိုသူစမ်းမိပါတယ်..Baekကိုအရင်ဆုံးမြင်လိုက်လို့ခေါင်းမှာနာစရာဒဏ်ရာရှိတာကိုတောင်သူသတိမထားမိခဲ့ဘူး..
Yeol-အား..ကျွတ်ကျွတ်..
Yeol's omma-ဒီကလေးကတော့လေ...အခုမှနာရကောင်းမှန်းသိတာလား..
Yeol-ဟီး...
Yeol's omma-သားAppaနဲ့Hyungကိုဖုန်းဆက်ထားတယ်...သူတို့ခဏနေလာလိမ့်မယ်..
Yeolကသူ့အမေရဲ့စကားကိုကြားတော့မျက်နှာလေးငယ်သွားပြီး..
Yeol-လာမှာရောဟုတ်လို့လားဗျာ...appaကသားကိုဆိုဂရုစိုက်တာမှမဟုတ်တာ..
Yeol's omma-သားလေးကလည်းကွယ်...ommaအောက်ထပ်မှာဆေးသွားဝယ်လိုက်ဦးမယ်..သူငယ်ချင်းနဲ့နေခဲ့ဦးနော်..
Yeol-nae omma...
သူ့အမေအခန်းထဲကနေထွက်ခွာသွားတော့တယ်..
Yeol-ဒါနဲ့..နင်ကဘယ်လိုသိပြီးရောက်လာတာလဲ..
Baek-ယောင်းမီကဒီဆေးရုံကိုလူနာလာမေးရင်းနဲ့နင့်ကိုအရေးပေါ်ခန်းထဲခေါ်သွားတာတွေ့လို့ဖုန်းလှမ်ူဆက်တာ..
Yeol-aww...နင်ငိုထားတာလား..
Baekကသူ့မျက်နှာကိုလက်နဲ့ပြန်စမ်းကြည့်ပြီး..
Baek-arrnyee...လမ်းမှာဖုန်ဝင်သွားလို့ပါ..
Yeol-ဟုတ်မှာပါ...ငါသေရင်နားအေးတယ်ဆိုပြီးနင်ကပျော်တောင်ပျော်နေမှာ..
Baek-ဒါပေါ့..နင့်လိုကောင် မရှိလေအေးလေပဲ..
Yeol-ငါဗိုက်ဆာတယ်..
Baek-ငါအောက်မှာတစ်ခုခုသွားဝယ်လာခဲ့မယ်..
Yeol-ဖြည်းဖြည်းဆင်းဦးနော်..
Baek-ဘာလဲ..စိတ်ပူလို့လား..
Yeol-Arrnyee...ငါနင့်အတွက်Wheel Chair Bookingမလုပ်ရသေးလို့..
Baek-ကောင်စုတ်..
အခန်းတံခါးကိုဒုန်းခနဲဆွဲပိတ်ကာနှုတ်ခမ်းဆူဆူနဲ့မျက်စောင်းထိုးပြီးဆင်းပြေးသွားတဲ့စွာတေးလေးကိုကြည့်ရင်းYeolပြုံးနေမိသည်..
ခဏအကြာ,
ဆန်ပြုတ်ထုပ်ကိုလက်ကတန်းလန်းဆွဲပြီးဝင်လာတဲ့Baek...ပန်းကန်ထဲကိုဆန်ပြုတ်ထည့်ကာခုတင်နားကိုသူမ သယ်လာခဲ့တယ်...
Baek-ရော့...စားလိုက်ဦး...
Yeol-နင်ခွံ့ကျွေးလေ..
Baek-Byrrr....ခွံ့ကျွေးရမယ်ဟုတ်လား...ခေါင်းထိလို့ရူးသွားတာလား..
Yeol-လူနာကိုခွံ့ကျွေးသင့်တယ်မဟုတ်လား..
Baek-ဟားဟားဟား....ဟာသတွေပြောနေတာလား...နင်ထိထားတာခေါင်းလေ..လက်မဟုတ်ဘူး..ကိုယ့်ဘာသာစား..ရော့...ကိုင်ထားရတာညောင်းတယ်..
Yeol-yrrr....စွာတေးမ..နင်ဆေးကျောင်းသူဖြစ်ပြီးညံ့လိုက်တာ...
Baek-Bodagoo....
Yeol-ခေါင်းဆိုတာခန္ဓာကိုယ်ကအာရုံကြောတွေအားလုံးနဲ့ဆက်စပ်နေတာလေ..အခုခေါင်းကိုထိသွားတာဆိုတော့လက်နဲ့လည်းဆက်စပ်နေတာပဲလေ...အဲ့တော့..နင်ခွံ့ကျွေး..
Baek-မကျွေးနိုင်ပါဘူး..
Yeol-နင်တကယ်မကျွေးဘူးလား...
Baek-nae..
Yeol-အား...ခေါင်းတွေကိုက်လာပြီ..မူးလာပြီ...ဟာ..မျက်လုံးတွေပြာလာပြီ..အားးးးး
Baek-yrrr....Park Chanyeol.....တော်တော့...နားညည်းတယ်...ကျီးကန်းအသံနဲ့လာအော်နေတယ်..
Yeol-အာ့ဆိုခွံ့ကျွေး..
Baek-အရူးကောင်...ဟ...
Yeol-အာ....
သူမ ကမ်းပေးတဲ့ဆန်ပြုတ်ဇွန်းကိုလှမ်းဟပ်လိုက်တယ်...
Yeol-စေတနာမရှိတဲ့လူကျွေးလို့ထင်တယ်အရမ်းစားကောင်းတာပဲ..
ထိုစဉ်..အခန်းထဲကိုဝင်လာတဲ့ဒယ်ဟန်နဲ့သူ့အမေ..
Dehan-အဟမ်းအဟမ်း...
Baek-အော်..arjimaပြန်လာပြီလား..
Yeol's omma-သားကဆန်ပြုတ်စားနေတာလား..
Yeol-nae...
Baek-အာ့ဆို...Arjima...သမီးပြန်လိုက်ပါဦးမယ်..
Yeol's omma-ကောင်းပါပြီကွယ်..
ဆန်ပြုတ်ပန်းကန်ကိုအဒေါ်ကြီးအားပေးကာသူမ ထွက်လာခဲ့တယ်..ဒယ်ဟန်ကသူမနောက်ကနေလိုက်ထွက်လာကာ..သူမလက်ကိုလှမ်းဆွဲပြီး..
Dehan-Baekhyun shi.....
ဒယ်ဟန်ကိုင်ထားတဲ့လက်ကိုဖြုတ်ကာ..
Baek-ကျမကိုလာမပက်သက်နဲ့...ကျမနာမည်ကိုလည်းမခေါ်ပါနဲ့..
Dehan-Waeyo....
Baek-ညီတစ်ယောက်လုံးအရေးပေါ်ခန်းထဲရောက်နေတာကိုအဖြေရဖို့ပဲဦးစားပေးနေတဲ့ရှင်ကဘယ်လိုအကိုလဲ..
Dehan-harrrrr....အဲ့ဒါ ကိုမင်းကိုချစ်လို့လေ..မင်းကိုအရာအားလုံးထက်ဦးစားပေးလို့..တန်ဖိုးထားလို့..
Baek-စကားလုံးလှလှလေးတွေသုံးတတ်သားပဲ..ဆရာဝန်မလုပ်ပဲစာရေးဆရာလုပ်လိုက်ပါလား..တကယ်တမ်းက.ကျမကိုဦးစားပေးတာမဟုတ်ဘူး..ရှင့်အတ္တကိုဦးစားပေးတာပါ..
Dehan-ဟုတ်တယ်..မင်းကိုပိုင်ဆိုင်ချင်တာ..chanyeolနောက်ကိုပါသွားမှာကြောက်တာ..အဲ့ဒါကကို့အတ္တပဲ..မင်းကိုအရမ်းချစ်လို့အတ္တကြီးမိတာပါ..ကို့ကိုခွင့်လွှတ်ပေးပါ..
Baek-ရှင်သိထားဖို့က..ကျွန်မက...အတ္တကြီးတဲ့သူတွေကိုအရမ်းရွံတယ်..တောက်...
ဒေါသတကြီးနဲ့သူမ ထွက်သွားတယ်..ဒယ်ဟန်ကသူမလက်ကိုနောက်တစ်ကြိမ်လှမ်းဆွဲကာ..သူမကိုရင်ခွင်ထဲဆွဲထည့်လိုက်တယ်..ဒါကိုအခန်းပေါက်ဝကိုထွက်လာတဲ့yeolကတွေ့သွားတယ်...
Yeol-!!!!!!!!!!ကဲ...ဘာတွေဆက်ဖြစ်မလဲ..?
Yeolနဲ့baekကြားကသူတို့၂ယောက်လုံးဖုန်းကွယ်ထားတဲ့အချစ်တစ်ခု..ဘယ်လိုဆက်ဖြစ်လာမလဲ..?
သိချင်တယ်ဟုတ်..?
အားပေးတဲ့သူတွေရောရှိသေးရဲ့လား..?
I love you,my reader 😘 😘
#PuzzlePrince
YOU ARE READING
စွာတေး
Teen Fictionခပ်စွာစွာကောင်မလေးနဲ့သူရဲ့ချစ်သူတို့အကြောင်းကိုလူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးလေးရေးထားတာပါ