💓

2K 126 10
                                    

အချစ်​ဆိုတာကိုစတင်​​တွေ့ရှိခဲ့တဲ့အချိန်​..

အသက်​ 16 နှစ်​..

ဘာမှမသိ​သေးတဲ့က​လေးသာသာအရွယ်​​တော့မဟုတ်​ခဲ့ဘူး..

ဒါ​ပေမယ့်​ အချစ်​ဦးကလည်းသူမဟုတ်​ခဲ့ဘူး

အချစ်​ဆုံးနဲ့​နောက်​ဆုံးအချစ်​က​တော့သူဖြစ်​မယ်​ထင်​တယ်​..

ကြားဖူးတယ်​..
အသက်​16 နှစ်​မှာသ​ဘောကျခဲ့တဲ့သူကမင်းရဲ့တစ်​ဘဝလုံးကိုအမှတ်​ရ​စေနိုင်​တယ်​တဲ့...
(Credit becuz i like it)

အင်း..ကြည့်​ရတာဟုတ်​မယ်​ထင်​တယ်​..
_
_
_
_
တီး​တောင်​...

"ခန​လေး လာပြီ!!"

ဒုန်း ဒုန်း ဒုန်း

ဒုတ်​..

ဘုန်း..

"အ.."

ရှက်​ပြာနိုင်​လွန်း​သော taehyung နှင့်
အကျင့်​ပါ​နေ​သော​လှေကားကိုတဒုန်းဒုန်းတဒိုင်းဒိုင်း​ပြေးဆင်းတတ်​​သောအကျင့်​၏အကျိုးဆက်​..ဘာနှင့်​ဝင်​တိုက်​မိမှန်း​တော့မသိ ခပ်​မာမာအရာတစ်​ခုနှင့်​ဝင်​​စောင့်​ကာ ကြမ်းပြင်​​ပေါ်သို့ဗုန်းခနဲ

"ကိုယ်​​တောင်းပန်​ပါတယ်​ နာသွားလား
ဘေ​ဘေး ?"

ဘေ​ဘေး?

ယားကျိကျိဖြစ်​​စေ​သောအ​ခေါ်အ​ဝေါ်​ကြောင့်​တင်းတင်းမှိတ်​ထား​သောမျက်​လုံးတို့ကိုအလျင်​အမြန်​ဖွင့်​ကြည့်​မိသည်​...

မဲနက်​​နေ​သောမျက်​ခုံးတန်းတန်းက​ထိကပ်​လုနီးပါး နှဖူး​ပြေ​ပြေ​ပေါ်ဝဲကျ​နေ​သောဆံပင်​တို့က​​ လှန်​တင်​ထားရာမှကျိုးတိုးကျဲတဲ..မျက်​လုံးနက်​နက်​တို့ဖြင့်​သူ့အားစိုက်​ကြည့်​​နေခဲ့သည်​..

"ထလို့ရနိုင်​လား ​ဘေ​ဘေး?"

"​ဘေ​ဘေး?"

ဘယ်​​လောက်​ထိစိုက်​ကြည့်​​နေမိမှန်းမသိ..မျက်​နှာ​ရှေ့ကိုလက်​ဖြင့်​ကာပြမှရှက်​ကိုးရှက်​ကန်းလက်​ရှိအချိန်​ကိုပြန်​​ရောက်​သည်​အထိ သူ့မျက်​စိ​ရှေ့ကလူဟာအရမ်း​ခန့်​ညားသည်​..

"ဟင်​ ဘာ-ဘာဖြစ်​လို့လဲ"

"ဘယ်​ထိသွား​သေးလဲလို့"

"မ-မထိဘူး ရ-ရတယ်​"

"ကိုယ်​​တောင်းပန်​ပါတယ်​​နော်​ တံခါးကဖွင့်​ထားတာနဲ့ဝင်​လာလိုက်​တာ ​ဘေ​ဘေးဆင်းလာတာကိုယ်​မမြင်​လိုက်​ဘူး"

စကားအဆုံးတွင်​ပြုံးပြလိုက်​ခါမှထွက်​လာ​သောယုန်​သွား​လေးနှစ်​​ချောင်းအားမြင်​ကာ​ခြေ​ထောက်​​တောင်​မခိုင်​ချင်​ဖြစ်​သွားသည်​..ဒီလူသားသည်​သူမြင်​ဖူးသမျှထဲတွင်​အ​ချောဆုံးဖြစ်​သည်​..

"ဘယ်​သူလဲ?"

"ဟမ်​ အာ ကိုယ့်​--"

"နတ်​သားလား?"

"ခွီး ဟားဟ"

မျက်​နှာကြီးတခုလုံးနီရဲကာ​တောင့်​​တောင့်​ကြီး​ပြော​နေ​သောအ​ရှေ့ကအ​ကောင်​ငယ်​​လေးအားကြည့်​ကာjungkook ရီချင်​စိတ်​ကိုထိန်းမရ..ပြူး​ကြောင်​​ကြောင်​​လေးကိုမြင်​မှစိတ်​ထဲမရိုးမရွကြီးဖြစ်​လာသည်​မို့..

"နတ်​သားမဟုတ်​ဘူး ကိုကို "

"ကိုကို?"

ကြားလိုက်​ရ​သောစကားအားသံ​ယောင်​လိုက်​​ပြောကာမှ ရင်​​တွေကဗရမ်းဗဒါ ခုန်​လာ​တော့သည်​..အပြင်​အထိကြား​လောက်​တဲ့အထိ အဆမတန်​ခုန်​​နေ​သောရင်​ဘက်​ကိုကိုင်​ကာ သူ့အား​ကြောင်​ကြည့်​​နေရုံမှလွဲ၍..

အချစ်​ဦး​ကြောင့်​​သေဆုံးသွားပြီဟုထင်​ခဲ့​သောနှလုံးခုန်​သံ ထိုသူ​နှင့်​​တွေ့​သောည​နေပိုင်းအချိန်​​လေးအတွင်းမှာပင်​အဆအတန်​ကျယ်​​​လောင်​​နေခဲ့သည်​...

ထိုည​နေခင်းတွင်​မိုးများသည်းထန်​စွာရွာသွန်း​နေခဲ့သည်​...

ကိုယ့်​အားမ​မေ့နိုင်​​အောင်​လုပ်​ခဲ့​သောဒီလူသားကို​တွေ့ရခြင်းသည်​​နောက်​ဆုံးအကြိမ်​ဖြစ်​ခဲ့သည်​ကို​တော့မသိခဲ့..

သို့​သော်​ သူ့နှင့်​ကိုယ်​ဇာတ်​လမ်းကဒီမှာပင်​စပြီးဒီမှာပင်​ဆုံးသည်​...

He means Mine

New fic guys!Hope u guys enjoys this one as much as u guys enjoyed my first fic "Only him".Thanks you so much for reading.If u guys love this,give me some vitamins so that i can wirte next part powerfully!💜

He means MineWhere stories live. Discover now