1

524 40 8
                                    

Planတစ်ယောက်ဒီနေ့ အိပ်ရာထနောက်ကျသည်။ အကြောင်းမူကာ မနေ့ညက ဘောလုံးပွဲကြောင့်ပင်။ ManU က Arsenalကို ၂ဂိုး ဂိုးမရှိနဲ့ ရှုံးသွားသည်တဲ့လေ။ နေ့တစ်နေ့အစ ညသန်းခေါင်ဆယ့်နှစ်နာရီထဲက ManUဆေးအထိုးကောင်းလို့ Perthဆီ baht 200 ရှုံးပြီး တစ်နေ့တာကို အစပြုအိပ်စက်ခဲ့ရသည်။ အိပ်ချိန်က သန်းခေါင်ကျော် မနက်နှစ်နာရီဆိုတော့ အတန်းချိန်အမှီ 6နာရီခွဲနိုးဖို့ လုံးလုံးမဖြစ်လာခဲ့ပါ။ 7နာရီခွဲခါနီးကပ်သီးလေးမှ  ရှူးရှူး ပေါက်ချင်လာသောကြောင့် နိုးလာခြင်း။ အသိစိတ်ဝင်ပြီးနိုးနိုးကြားကြားဖြစ်သွားသည့်အချိန်တွင် အတန်းစဖို့ မိနစ်30သာလိုတော့ကြောင်းသိလိုက်ရသည်။

ကမူးရှူးထိုးနဲ့ရေမိုးချိုး၊ အမေဖြစ်သူမီးပူတိုက်ပေးထားသော Uniformကို ကပျာကယာဆွဲထုတ်ဝတ်၊ အားသွင်းထားသော ဖုန်းကို ဗြုတ်ခနဲဆွဲဖြုတ်ကာ လွယ်အိတ်ထဲထိုးထည့်၊ လွယ်အိတ်ကို ပုခုံးတစ်ဖက်တည်းလွယ်ပြီး အိမ်အောက်ဆင်းခဲ့လိုက်သည်။

လှေကားကနေ ဆင်းလာချိန်နှာခေါင်းထဲတိုးဝင်လာသော အမေ့လက်ရာ Chicken Hot Pocketကြောင့် မနက်စာလေးတော့ စိတ်ချမ်းသာစွာ စားရချေရဲ့ တွေးလိုက်ပေမယ့် စားပွဲနားအရောက်တွင် ရင်ဝပိတ်ကန်ပစ်သလိုပင်။ Leyကအကုန်စားသွားပြီတဲ့။
သားအတွက်မချန်ထားရကောင်းလားဆိုပြီး အမေ့ကိုလာ်းရစ်ချိန်မရတော့။ ဆူပုတ်ပြီးသာ ကျောင်းဆီထွက်လာခဲ့လိုက်တော့သည်။

အိမ်ရှေ့ထွက်လို့ ခြံတံခါးဖွင့် အပြင်ရောက်တာနဲ့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် Planမျက်နှာကို နှစ်ဆတိုးပုတ်သိုးပစ်လိုက်သည်။
အတွဲတွေ၊ အတွဲတွေ၊ အခုမှ မနက်8နာရီပဲရှိသေးတာကို လားလားလားလားနဲ့ပါလား။

ထိုတော့မှ Planသတိရလိုက်သည်။ ဒီနေ့က Feb14။

သွားပါပြီ။ Planတော့ ကြိုးနီနီများကို မျက်စိနောက်အောင် မြင်ရတော့မည်။

ကြိုးနီနီ?

Planတွင် ထူးခြားသော အစွမ်းရှိသည်လို့ပဲပြောရလေမလား။ ဖူးစာကြိုးကို မြင်နိုင်သည်။ လူသားနှစ်ဦးချစ်ကြိုက်လို့ ဖူးစာရေး ညီတူသည်ဆိုလျှင် ထိုချစ်သူနှစ်ဦး၏ လက်သန်းလေးများတွင် ဆက်နေသော ဖူးစာကြိုးကို Planမြင်နိုင်ခြင်းဖြစ်သည်။

Red StringWhere stories live. Discover now