You,My Love

626 48 11
                                    

2018ခုနှစ်​ Juneလ​နှောင်းပိုင်း

ငါးနှစ်​တင်းတင်း ပြည့်​ခဲ့ပြီ။
ကျွန်​မဒီကို ​ရောက်​ခဲ့တာ။

Seoulဆိုတဲ့ ဒီမြို့ကို ​ရောက်​ခဲ့တာဟာ​ပေါ့။

လူမရှိတဲ့ ဒီဘတ်​စ်​ကားမှတ်​တိုင်​။
မိုးစက်​မိုးမွှား​တွေနဲ့ စိုစိစိဖြစ်​​နေတဲ့ ထိုင်​ခုံ​တွေ။မိုး​ရေစက်​​​တွေ သီး​နေတဲ့ စိမ်းစိုစိုသစ်​ပင်​​တွေ၊ ဖားဖားယားယားနဲ့ လန်းဆန်းစွာ လှပ​နေတဲ့ သူတို့ရဲ့ သစ်​ရွက်​အခက်​အလက်​​တွေ။

တစ်​ခါတစ်​ခါမှာ ဝတ်​ထားတဲ့ အင်္ကျီထူထူကို မထီမဲ့မြင်​ပြုလို့ ကျီစားတိုက်​ခတ်​ချင်​တဲ့ မိုးသက်​​လေခပ်​ပြင်းပြင်း။
ပြီး​တော့ အဲ့ဒီ​လေကို အံမတုနိုင်​တဲ့ ကျွန်​မလက်​ထဲက ကြည်​ပြာ​ရောင်​ထီးတစ်​​ချောင်း။

နောက်​ပြီး ကျွန်​မရဲ့ ထိုင်းစစဆံပင်​ဖွာဖွာ​တွေ။

ဒါ​တွေ ဒါ​တွေအားလုံးဟာ အချိန်​နဲ့အတူ တိုက်​စား​မျောပါပြီး ​ပြောင်းလဲမသွားနိုင်​တာ အံ့သြစရာ​ကောင်း​ပေရဲ့။

အပြုံးတစ်​ပွင့်​ကို လက်​နက်​ချပြီး မိုးသက်​​လေပြင်း​တွေထဲမှာ သစ်​ကိုင်းယဲ့ယဲ့​တွေနဲ့အတူ ရိုက်​ချိုးခံလိုက်​ရတဲ့ ကျွန်​မနှလုံးသားတစ်​စုံအပါအဝင်​​ပေါ့။

မိုးရာသီ​တွေကို ကျွန်​မမုန်းတီးတယ်​။
သူ့ရဲ့ နှလုံးသားမဲ့တဲ့ ​ညှို့မှိုင်းမှိုင်းဖမ်းစားမှု​တွေ​အောက်​မှာ ​ကော်​ဖီတစ်​ခွက်​၊ကဗျာတစ်​ပုဒ်​နဲ့ ကျရှုံးကြတဲ့လူ​တွေကိုလည်း မုန်းသလို....
သူ့ကိုခင်​တွယ်​ပြီး အသက်​ရှင်​​နေရတဲ့ သဘာဝတရားကိုလည်း ကရုဏာသက်​မိတယ်​။

ဒီလိုနဲ့ ကျွန်​မအမုန်းဆုံး ဝသာန်​ကာလဟာ သူ့အ​ပေါ်ထားတဲ့ အမုန်းတရား​တွေ မ​လုံ​လောက်​​သေးလို့ထင်​ပါရဲ့။

ကျွန်​မအချစ်​ဆုံး အပြုံးတစ်​ပွင့်​နဲ့ အမုန်းဆုံးလူသားကို ကျွန်​မ​ရှေ့အ​ရောက်​ပို့ခဲ့ပြန်​တယ်​။

______________________________Odio

မည်း​မှောင်​​နေတဲ့​ကောင်းကင်​နဲ့ ခပ်​ပြင်းပြင်းတိုက်​ခတ်​​နေတဲ့​​လေ။
ခေါင်းလုံရုံထီးနဲ့ လူနှစ်​ကိုယ်​စာ အထုပ်​အပိုး။

Odio for my Love(Season Contest)Where stories live. Discover now