မပြောချင်တဲ့ အမှန်တရားတွေထဲမှာ
အကိုနဲ့ညီမ မနီးစပ်တာတွေလည်းပါတယ် အကို !ညီမကအကို့ကိုအမြဲမျှော်ကြည့်တတ်တဲ့ကလေးတစ်ယောက်
ညီမမရှိတဲ့ ကမ္ဘာမှာ အကိုပျော်ပျော်လေးနေနိုင်မယ်ဆိုတာ သိတယ်အကို မရှိတဲ့ ကမ္ဘာမှာ အကို့ကို ချစ်တဲ့ ကလေးမလေး
တစ်ယောက် မရှင်သန်နိုင်ဘူး ဆိုတာ သတိထားပေးပါ အကို !လွယ်လွယ်ကူကူ မေ့ပစ်လိုက်ရအောင် ညီမအချစ်တွေက
သိပ်ကို လေညှင်းမဆန်ဘူးအကိုအကိုကတော့ လေညှင်းလေးလို တိုက်သွားတာပဲ
ညီမကတော့ တစ်ပင်လုံးကြွေခဲ့ရတာ အကိုအကိုမသိမယ့် စာတွေလည်း မရေးချင်တော့သလို အကိုနဲ့
ပက်သတ်ပြီးစိတ်ထိခိုက်လွယ်တာတွေလည်းသူငယ်ချင်း
တွေကို အရင်လို မပြောဖြစ်တော့ဘူး အကိုအကို့ပေါ်ထားတဲ့ ညီမစိတ်တွေက မေ့ဖို့ကြိုးစားလေ
ပိုနာကျင်ရတာ အကိုအချိန်တွေကြာလာတော့ သိပ်ချစ်တဲ့ အကြောင်းတွေ
အော်မပြောဖြစ်တော့ဘူး အကို
ရင့်ကျက်လာတဲ့အချိန်မှာ အရမ်းချစ်တဲ့အကြောင်းတွေကို
မြိုသိပ်ထားတယ် သူများတွေကိုလည်း
အကို့အကြောင်း မပြောဖြစ်တော့ဘူးဒီလိုနဲ့ပဲ အချိန်တွေ ကုန်ဆုံးသွားမှာ ညီမကြောက်တယ် အကို …… အကိုနဲ့ဆုံဖို့ ညီမ ဘယ်လောက် ဆက်စောင့်ရအုန်းမှာလဲ
တော်ပါပြီ အကို…… ဆက်ပြောချင်တဲ့စကားတွေကို
အိပ်မက်ထဲမှာပဲ ပြောတော့မယ် အကို !ဒီညတော့ ညီမအိမ်မက်တွေ လှနေအုန်းမှာပဲ …
စိုရွှဲသွားတဲ့ ခေါင်းအုံးလေးကတော့ သက်သေပေါ့ ..…3.4.2019 [ 10:18PM ]