Part - 26

16K 1.2K 199
                                    

" ဟတ်ချိုး "

" ဟတ်ချိုး "

ညနေက ရေစိမ်တာကြာပြီးတဲ့နောက်မှာ Luhan အအေးမိချေပြီ ။ နှာခေါင်းလေးတွေ နီရဲတွတ်နေသည့် Luhan ကိုကြည့်ကာ Sehun ကတော့ မျက်နှာဇီးရွက်လောက်သာ ကျန်တော့သည် ။

" ဒါကြောင့် ကိုယ့်ဘာသာရေချိုးနေတာကို ဘာလို့ဝင်လာလဲကွာ "

Sehun မချင့်မရဲပြောသည် ။ ဆေးဘူးထဲက ယူလာတဲ့ ဆေးလုံးလေးကို Luhan ပါးစပ်ထဲထည့်ပေးကာ ရေခွက်ကိုပါ အဆင်သင့်မော့တိုက်ရသည် ။ ဒီကောင်လေး နေမကောင်းထားတဲ့ အရှိန်ကြောင့် Sehun မှာ အနီးကပ် မြင်တွေ့နေရပြီး ချစ်ချင်သည့်တိုင် စိတ်ကိုအလုံးစုံထိန်းချုပ်ထားခဲ့ရသည် ။

ကိုယ့်စိတ်ကို ကိုယ်မနိုင်မှာစိုးလို့ နမ်းရုံအဆင့်နဲ့သာ ရပ်ပြီး ဘာမှမဖြစ်နိုင်အောင် ကြိုးစားခဲ့ရတာ ။ ဒါပေမဲ့ တစ်ညနေတည်းနဲ့ ဒီကောင်လေးက Sehun ရဲ့ သည်းခံနိုင်စွမ်းအားကို လာစမ်းသပ်သည်မို့ စိတ်ကိုလွှတ်ပေးလိုက်မိတာ အခုတော့ကိုယ့်ကြောင့် အအေးမိရပြီ ။

" daddy ကလည်း daddy ကြောင့်မဟုတ်ပါဘူးဆို . . . ဒီအတိုင်း အအေးမိရုံလေးတင်ပါ . . နော် . . အဲ့လောက်ကြီးထိ မျက်နှာမပျက်နဲ့လေ . . ကျွန်တော်ဘယ်စိတ်ကောင်းပါ့မလဲ "

နှာနီလေးကို Sehun ခပ်ဖွဖွထိတော့ သွားအဖြီးသားနဲ့ ရယ်ပြလေသည် ။ Sehun မှာတော့ စိတ်လည်းမကောင်း အသည်းလည်းယားရပါ၏ ။

" တော်တော်ဆိုးတဲ့ ကောင်လေးပဲ . . နောက်ဆို ကလေးကို အလိုမလိုက်တော့ဘူး . . "

" ဟာ . . . Daddy ကလည်း . . Daddy အလိုမလိုက်တော့ ကျွန်တော့ကို ဘယ်သူကအလိုလိုက်မှာလဲ "

ဆူပုတ်ပုတ်နှင့် Sehun ကို ဂျစ်တော့သည် ။ နေမကောင်းတဲ့ကလေးတွေက အရမ်းဂျစ်တိုက်တတ်ကြတာ ။ အခုလည်း ကုတင်ပေါ်မှာနှုတ်ခမ်းကြီးစူပြနေလေသည် ။ ( media မှာ ပုံပြထားပါ၏ 😉 )

Micky mouse ညဝတ်အင်္ကျီနှင့် နေမကောင်းဖြစ်ချင်နေသည်ကြောင့် ရဲတက်နေသော မျက်နှာတစ်ပြင်လုံးနှင့်အတူ ခန္ဓာကိုယ်တစ်ကိုယ်လုံးက ပန်းရောင်သန်းကာ အသည်းယားစရာပင်ဖြစ်နေ၏ ။ ပွယောင်းယောင်း ငွေရောင်ဆံသားတို့မှာ တစ်ဝက်ကလန်နေပြီး တစ်ဝက်က နဖူးပေါ်ကျနေသည်မှာ ခွေးပေါက်လေးနဲ့တောင်တူသည် ။

Sugar Daddy Where stories live. Discover now