ကလေးဆိုးရဲ့ အချစ်
💚 OffGun Fanfic 💚
Written by BF_YM_MN"Mom!!!! Gun ကိုလေ P' Boy က ဂျပုလေးဆိုပြီး လိုက်စနေတယ်"
"ဟေ ငါ့သားကို စ စရာလား ဟဲ့ Boy လာစမ်း"
Off မျက်နှာကြီးကိုမဲ့ရင်း 'ဂျပုမို့ ဂျပုခေါ်တာပဲ စမ်းလား' ဟု စိတ်ထဲမှ ပြောရင်း ထိုကောင်လေးကို လှည့်ကြည့်လိုက်တော့ သူနှင့်မျက်လုံးချင်းဆုံသွားသည်။
"Nong Gun ကလည်း ပုတော့ ပိုချစ်စရာကောင်းတာပေါ့ Boy ပြောတာကို စိတ်ထဲထားမနေနဲ့"
"ဒါပေမယ့် P' ကလည်း Gun မှမကြိုက်တာ"
"အင်းပါ သူ့ကိုပြောလိုက်မယ်နော် နောက်အဲ့လိုမစဖို့"
Off လုပ်စရာ အလုပ်တွေ တောင်လိုပုံနေသော်လည်း ကြားနေရသော အသံတွေကြောင့် အလုပ်တွင် အာရုံမစိုက်နိုင် ဖြစ်နေသည်။ အဲ့ကောင်လေးလာပြီဆို Company က ကစားကွင်းကြီးသဖွယ် ဖြစ်နေသည်။ ထိုကောင်လေးဘေးတွင် ရှိသမျှ ဝန်ထမ်းတွေကပ်ကာ ကလေးမြှူ သလို ချော့မြူ နေကြသည်။
ထိုကောင်လေး နာမည်မှာ Gun ဖြစ်ပြီး GMM TV ၏ မင်းသားတစ်ယောက်ဖြစ်သည်။ Gun မှာ လူကောင်ကသေးသေး မျက်နှာလေးကလည်း အတော်ချစ်ဖို့ကောင်းသည့်အပြင် ကလေးဆန်လှသည့် အပြုအမူတွေကြောင့် ဝန်ထမ်းတွေရဲ့ သည်းသည်းလှုပ် ဝိုင်းချစ်ခံရသည်မှာ မဆန်းပေ။သို့သော် လူ့ဂွစာဖြစ်သည့် Off ကတော့ Gun ကို ကြည့်မရ။ ယောက်ျားလေးဖြစ်ပြီး ချစ်ဖို့ကောင်းလွန်းနေသည့် လူတွေကို သူသဘောမကျပါ။
Off ဆိုသည်မှာလည်း Gun မရောက်ခင်ကတည်းက GMM TV တွင် video editor အဖြစ် အလုပ်လုပ်နေသူဖြစ်၏။ စိတ်ရင်းလေးကောင်းသော်လည်း အပေါက်ကဆိုးသဖြင့် company က လူတွေနှင့် သိပ်တော့ အဆင်မပြေ။ အခုလည်း နားညည်းသည့်ဒဏ်ကို မခံနိုင်တော့သဖြင့် Gun ကို မျက်စောင်းထိုးကာ ဝုန်းဒိုင်းကြဲပြီး ထွက်သွားလေပြီ။
Off ရဲ့ မျက်စောင်းကို Gun က ဘယ်လို အဓိပ္ပာယ် ကောက်လိုက်လဲတော့မသိ။ ပြုံးပြုံးကြီး ဖြစ်ကာ Off ထွက်သွားရာနောက် လိုက်သွားလေသည်။
"P' P' P' Off ခဏလောက်နေပါဦးဗျ "
Gun ခေါ်နေသည်ကို Off က မကြားချင်ယောင်ဆောင်ကာ ဆက်သွားနေ၏။
YOU ARE READING
ကလေးဆိုး၏ ဇာတ်လမ်းလေးများ
RomanceOffGun ရဲ့ အပြင်က moment လေးတွေ အပေါ် အခြေခံပြီး စိတ်ကူးရရင်ရသလို ရေးသွားမှာမို့ ဘယ်နှပိုင်းရှိမလဲဆိုတာတော့ မပြောတတ်သေးပါဘူးနော်။ Reading List လေးတွေထဲ ထည့်ထားပြီး အဆုံးထိ ဖတ်ပေးကြပါဦးလို့။