ကလေးဆိုးနှင့် ပါတီပွဲ
💚 OffGun Fanfic 💚
Written by BF_YM_MNGun ဆိုသည်မှာ အပျော်အပါးကို အရမ်းမက်သူတစ်ယောက်။ သူနှင့်ရင်းနှီးသော လူများသာ ရှိပါက ဘယ်နေရာမှာ ဘယ်လိုပါတီပဲလုပ်လုပ် ထိပ်ဆုံးကပါလေ့ရှိသည်။
အခုလည်း ဘီယာတွေမတရားသောက်ပြီး ကွေးနေအောင် ကနေလေရဲ့။ သူ့ကို ထိန်းဖို့ရောက်ချလာသော သူ့လူကြီးမှာလည်း မနိုင်သဖြင့် လက်လျှော့ကာ လုပ်ချင်ရာလုပ်ပါစေဆိုပြီး လွှတ်ထားရလေ၏။
"Papii က ပါဆို ဘာလို့ တောင့်တောင့်ကြီး ရပ်နေတာလဲ!"
အမူးသမားလေး Gun မှာ Off ၏လက်များကို ဆွဲကာ အပေါ်ကို မြှောက်ရင်း လှုပ်ခါနေသည်။ Off လည်း ဘာမှပြန်ပြောမနေတော့။ အလိုက်သင့်လေး ကိုယ်ကို လှုပ်ခါကာ ကနေလိုက်တယ်။
Off ကနေတာ မြင်တော့မှ Gun မျက်နှာမှာ အပြုံးပန်းတွေ ဝေဆာသွားတယ်။ Off နားမှာပဲ ရစ်သီရစ်သီနဲ့ တူတူတွဲကနေတယ်။ ...က ရတာမောသွားတဲ့ ငရစ်လေး Gun ဟာ ဘီယာ၊ ကော့တေး၊ ဝိုင် နဲ့ အရက်တွေထားရာဆီ ရောက်သွားတယ်။
"မသောက်နဲ့တော့ မင်းမူးနေပြီ"
မော့ချမလိုဖြစ်နေတဲ့ ခွက်လေးဟာ လေထဲမှာတင် ဆွဲယူခြင်းခံလိုက်ရတယ်။ Gun ရဲ့ နှုတ်ခမ်း များဟာ စူထော်သွားပြီး ပွစိပွစိ အသံ ပိချိလေးတွေ ထွက်လာသည်။
"Papiiကလည်း တစ်ခွက်တည်းသောက်မှာလို့"
"အိမ်ပြန်ရအောင် မသောက်နဲ့တော့"
ကော့တေးခွက်လေးဟာ Off လက် ရောက်လိုက်၊ Gun က ဆွဲလုလိုက်နဲ့ နှစ်ယောက်သား လုတာကို ခံနေရတယ်။
"နည်းနည်းလေးမှ မမူးသေးဘူးဆို!"
"ဒီလောက် ယိုင်နေတာ မမူးတာလား!"
နှစ်ယောက်သားဟာ အသားကုန်အော်ပြောနေကြပေမယ့် သီချင်းသံက ဆူနေတော့ ဘယ်သူမှ သူတို့ပြောတာကို မကြားကြဘူး။
"အိမ်သာသွားပြီး မျက်နှာသစ်လိုက်ရင် အမူးပြေသွားမှာ"
"လာ အာ့ဆိုလည်းသွားမယ်"
Off က Gun ၏ လက်ကိုဆွဲခေါ်သွားသည်။ Gun က ဘာမှမပြောပဲ ခေါင်းငိုက်စိုက် ငိုက်စိုက်နှင့် ပါသွားရှာ၏။
YOU ARE READING
ကလေးဆိုး၏ ဇာတ်လမ်းလေးများ
RomanceOffGun ရဲ့ အပြင်က moment လေးတွေ အပေါ် အခြေခံပြီး စိတ်ကူးရရင်ရသလို ရေးသွားမှာမို့ ဘယ်နှပိုင်းရှိမလဲဆိုတာတော့ မပြောတတ်သေးပါဘူးနော်။ Reading List လေးတွေထဲ ထည့်ထားပြီး အဆုံးထိ ဖတ်ပေးကြပါဦးလို့။