(၁)
နှင်းဖွဲကို အဆင်တန်ဆာ
ဖန်တီးတဲ့ ဆည်းဆာဟာ
မဟူရာညကို နစ်အဝင်နှင်းစက်တွေ ကြွေစ
အလွမ်းတွေ တသသမှိုင်းပျတဲ့ လရောင်အောက်မှာ
ငိုကြွေးခဲ့...ည...။(၂)
အချစ်ပန်းတွေ
မဝေစည် မှတော့ဖြင့်
အစပျိုးကာ ညှိုးရော်ကြပြီမို့စောင့်နေမယ့် ခုံတန်းလေးမှာ
သူ့ကိုယ်ပွား နှင်းဆီတစ်ပွင့်က
အရိပ်အငွေ့ ကျန်ရစ်(၃)
လွမ်းကျန်ရစ် ပန်းနှင်းဆီ
လာသူကို စောင့်မျှော်ရလို့အထီးကျန် နှင်းရည်စက်တွေနဲ့
ထပ်ပြီးကျန်ရစ်......။(၄)
ထားခဲ့သူ နွယ် မသိလေအောင်
ချစ်ခြင်းမှာ လွမ်းနာ ရပြီမို့
ပါးပြင်က စီးမျက်ရည်တိုးတိတ်စွာ ရွာသွန်းဖြိုးလို့
ငါ လွမ်းကျန်ရစ်........။နွန်း