Episode.13

11K 1.1K 109
                                    

Zawgyi

ဒီဇင်ဘာကျောင်းပိတ်ရက်ပြီးလို့ ကျောင်းတွေပြန်ဖွင့်
ကြတဲ့အချိန်...
ကျတော်ကတော့Companyကိစ္စ
တွေကြောင့် ပုံမှန်အတိုင်းအားလပ်ချိန်ရယ်ဆိုပြီး
များများစားစားမရှိ ။ ဟိုကလေးကလဲ ကျောင်းပြန်တက်ရပြီဖြစ်တာကြောင့်
သူ့စာနဲ့သူအလုပ်စရှုပ်လေပြီ ။

ဒီရက်ပိုင်းအတွင်း သူသိသိသာသာသတိထားမိခြင်းတစ်ခုတော့ရှိသည် ။ အသေးကောင်လေးကသူ့ကိုတအားကပ်လာသည် ။
ပုံမှန်ထက်ကိုပို၍
ိုပူးပူးကပ်ကပ်နေလာခြင်းပင် ။

သူကျောင်းအပို့အကြိုလုပ်ရင်တောင်
ကားမောင်းနေတုန်း သူ့လက်တစ်ဖက်ကို တွဲထားတတ်တာမျိုး ၊
ညစာစားပြီးဆိုလည်း သူ့ဟာသူမစားဘဲ
သူကိုယ်တိုင်ပေါင်ပေါ်တင်ပြီးခွံ့ကျွေးမှစားတာမျိုး ။

ဒါပေမဲ့သူမငြိုငြင်ပါ ။ သူ့ကိုမချစ်ဘဲဒီလိုတပူးပူး
တတွဲတွဲနေပါမယ်တဲ့လား? ဒါပေမဲ့Jungkook
တစ်ယောက် Taehyungလေး၏တချို့သော
ပြောင်းလဲမှုများကိုတော့ သတိမထားမိသေးချေ ။

"အော်... Tae လေး ။ လာလေ... ကာတွန်းပြီးသွားပြီလား?"

"ဟင့်အင်း Taetaeအိပ်ချင်ပြီ ။ ပါပါး Taetaeကို
သီချင်းဆိုပြပါ...နော် "

ပေါင်ကိုပုတ်ပြလိုက်တော့ တံခါးဝကနေအမြှီး
လေးတရမ်းရမ်းနဲ့သူ့ဆီပြေးလာသည် ။ သူ့မှာလဲဒီအသေးလေးကို ပေါင်ပေါ်တင်တိုင်းအတော်ကိုသတိထားရပေသည် ။ ဘယ်လောက်ပြောပြောထိုကလေးက အငြိမ်မနေတတ်တာ
ကြောင့် ပေါင်ပေါ်တင်ပြီးရင် လှုပ်မရအောင် ခါးလေးကိုပါတင်းတင်းဖက်ထားရသည် ။

"ပါပါး...."

"အင်း... ပြောလေ ကလေး"

"T... Taetae ကဆယ့်ရှစ်ပြည့်တော့မှာ ပါပါးသိတယ် မလား..."

"သိတာပေါ့ ။ ကိုယ့်ကလေးလေးမွေးနေ့ကို ကိုယ်ကမေ့စရာလား"

"အဲ့တာလေ Taetaeကဆယ့်ရှစ်ပြည့်တော့မယ်
ဆိုတော့... ဟိုဟာ..."

ဆံပင်အုပ်အုပ်လေးတွေကို ဖွဖွပွတ်သပ်ပေးနေသော သူ့လက်ချောင်းတွေကိုခဏရပ်တန့်ရင်း
Taeလေးစကားကိုသေချာနားထောင်မိသည် ။
တစ်ခုခုကိုပြောရန် အခက်တွေ့နေပုံပေါ်တာ
ကြောင့်ပါးထွေးထွေးလေးတွေကိုဖွဖွပွတ်ရင်း မကြောက်စေရန် ကြိုးစားကြည့်သော်လည်း
တော်တော်နှင့်ပြောမထွက်ခဲ့ ။

PURPLE || KV || ✔Where stories live. Discover now