Chapter-6

1.6K 152 29
                                    

ကုတင်ခြေရင်း တင်ပလ္လင်ခွေထိုင်ကာ ထိုင်နေသော ကောင်လေးသည်
ငိုနေသည်လား မျက်ရည်ကျနေသည်လား မသဲကွဲ…တရှုံ့ရှုံ့ဖြင့် ခေါင်းကြီးကိုငုံ့လျှက် မလှုပ်မယှက် ကျောက်ရုပ်ကြီးသဖွယ်…

ခြေကျင်းဝတ်ကနေ ကိုင်ပြီး ကုတင်အောက်ကနေ တရွတ်တိုက်ဆွဲထုတ်မိသည့်အချိန်က  သူခိုးလို့ထင်ခဲ့မိတာကြောင့်အကြမ်းပတမ်း ဖြင့် အားအနည်းငယ်သုံးလိုက်မိတာက
ခုလို ဖြူဖြူနုနုနဲ့ ကောင်ငယ်လေးဖြစ်မယ်မထင်ခဲ့မိလို့…

ခုထိခေါင်းကိုတချက်မော့မလာ…
မေးတာကိုလည်းမဖြေ…
သူ့ကြည့်တော့ ကိုယ့်အင်္ကျီနဲ့ဘောင်းဘီကိုမတော်တရော်ယူဝတ်ထားသေးသည်…

သူခိုးဆိုလျှင်လည်း မလွတ်တဲ့အဆုံး ခုခံကာရတဲ့နည်းနဲ့တော့ကျိန်းသေထွက်ပြေးမည်ဖြစ်သော်လည်း ထိုကောင်လေးကတော့မဟုတ်…
ပကထိ ကျောက်ရုပ်မှကျောက်ရုပ်…

စိတ်မရှည်ချင်တော့…ဘွားကလည်းအိပ်ယာဝင်သွားပြီဖြစ်သည်…
အသံကျယ်ကျယ်နဲ့ဆိုရင် လူကြီးဖြစ်သည့်အလျှောက် လန့်သွားမည်စိုးရိမ်တာကြောင့် တိတ်တဆိတ် မေးနေကာမှ …
ထိုကျောက်ရုပ်ကလေးသည် တုပ်တုပ်မျှမလှုပ်…

နဂိုကမှစိတ်ရှည်တဲ့အစားထဲ
park chan yeolမပါတာမို့…
ဒီလောက်သည်းခံနေတာကိုပင်
အကြောင်းမသိသော ထိုကောင်လေး သိမည်မထင်ပါ…

"နောက်ဆုံးမေးမယ်…မင်းဘယ်သူလဲ ဘယ်ကလဲ ဘာအတွက် ငါ့အိမ်ထဲရောက်နေတာလဲ…"

"…………"

"ကောင်းပြီလေ…ရဲလက်အပ်တာပေါ့…အချိန်ဖြုန်းရတာ ငါသိပ်မုန်းတယ်"

"………"

ဘယ်လိုဟာလေးမှန်းမသိ
ရဲလက်အပ်မယ်ဆိုလည်း ပိုနေမြဲကျားနေမြဲ…
နေပါစေလေ…ရဲတွေစစ်မေးပါစေ!.

အိမ်မှာသူစိမ်းခိုးဝင်သည်ဟူ၍အစချီကာ အကူအညီတောင်းတိုင်တန်းတော့ ကျွန်တော်တို့ချက်ချင်းလာခဲ့မည်ဟုဆိုကာ ရဲစခန်းမှအကြောင်းပြန်သည်…

ဘွားနိုးလည်းနိုးပါစေတော့…
ဒီကျောက်ရုပ်က ဒီလိုမှမလုပ်ရင် ကြာရင် သူ့တင်ပါးနဲ့ ကြမ်းပြင်ညားသွားနိုင်သည်…

You've reached the end of published parts.

⏰ Last updated: Apr 20, 2019 ⏰

Add this story to your Library to get notified about new parts!

ခံဘက်Where stories live. Discover now