နှလုံးသားရဲ့ အလိုကျ

710 61 21
                                    

"P'Sing ရောက်လာပြီလား"

ရိုက်ကူးရေးရှိတဲ့ နေရာကို Krist ထက်နောက်ကျမှ Sing ရောက်လာခဲ့ခြင်းဖြစ်သည်။ P'Jane နဲ့အတူ လျှောက်လာတဲ့ Sing က အရမ်းကို ကြည့်ကောင်းလွန်းတာတော့ လွန်ဆန်မရတဲ့ အမှန်တရား တစ်ခုပင်။

"အင်း Krist ရောက်နေတာကြာပြီလား။ အစောကြီးပဲနော်"

Krist ဘေးမှာ သူ့အတွက် အဆင်သင့်ချပေးထားသော နေရာ၌ ဝင်ထိုင်လိုက်ရင်း တာဝန်ကျေသာ ပြန်နှုတ်ဆက်လိုက်မိသည်။ ကားတွေကြပ်နေလို့ ရိုက်ကူးရေးရှိတဲ့နေရာကို ရောက်လာတာတောင် နောက်ကျနေရသည်မဟုတ်ပါလား?။

** တော်သေးတာပေါ့ အချိန်မှီသေးလို့ **

အခုမှသက်ပြင်းချမိရင်း စိတ်မောတာကိုဖြေဖျောက်နေတာမို့ Krist ကိုလဲ စကားမပြောချင်သေး။

"P' ရိုက်ကွင်းပြီးရင် Fan တွေနဲ့ တွေ့ဦးမှာလား? သူတို့လေးတွေက ကျွန်တော်တို့ကိုတွေ့ချင်လို့ စောင့်နေကြတယ်"

ဖုန်းထဲမှ fan တွေရဲ့နေရာကိုဖော်ပြရင်း ပြောလာသော Krist ကြောင့်ခေါင်းသာအသာညိတ်ပြလိုက်သည်။ ဇာတ်ကားတစ်ကားတွဲရိုက်ပြီးကတည်းက အောင်မြင်လာတဲ့သူတို့နှစ်ယောက်က Fan တွေအတွက်တော့ Screen Lover တွေဖြစ်နေတာပေါ့။ Idol couple စာရင်းသွင်းပြီး ship နေကြတဲ့သူတွေလဲရှိသလို သဘောတူနေကျတဲ့သူတွေကလဲအများသား။

ဒါတွေကြောင့်လဲ Company က ပွဲတိုင်းကို အတူတက်ခိုင်း။ Fan Meeting တွေသွားခိုင်းနဲ့ အောင်မြင်မှုတွေကိုချဲ့ထွင်နေတော့တာပေါ့။

** ဘာပဲဖြစ်ဖြစ်ပါ ဒီကောင်လေးနဲ့တွဲရတာ တစ်ခြားသူတွေနဲ့ထက်စာရင်တော့ အားလုံးအဆင်ပြေနေတာပဲ။ **

ချွဲတတ် ဆိုးတတ်ပေမဲ့ တစ်ခြားသူတွေကိုတော့ အဲ့လိုအပြုအမူတွေမပြတဲ့ Krist က သူနဲ့တွေ့မှသာ ချစ်ဖို့ကောင်းလွန်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်လာတယ်ဆိုတာတော့ Sing တစ်နေ့သိလာမှာပါ...

*******************

"Sing ဒီတစ်ပတ် စနေနေ့ပွဲတက်ဖို့တစ်ခုရှိသေးတယ်နော်"

P'Jane ၏ schdule ကိုကြည့်ကာ ပြောလာသော စကားကို Sing ခဏစဉ်းစားလိုက်မိသည်။

နှလုံးသားရဲ့ အလိုကျWhere stories live. Discover now