ရဲစခန်းထဲသို့ ကုတ်အင်္ကျီတရွဲ့တစောင်းနဲ့ လူတစ်ယောက် ပြေးဝင်လာကာ"Oh..Oh Sehunအုပ်ထိန်းသူပါ... သူဘယ်မှာလဲဟင်??!"
"အမောဖြေပြီး ဒီ form လေး ဖြည့်လိုက်ပါဦး။ ကျွန်တော်တို့ ထုတ်လာခဲ့ပါမယ်.."
သိပ်မကြာခင်မှာဘဲ Sehunထွက်လာရကာ
"Ge...."
"Shixun!!!! စုတ်ပြတ်နေတာဘဲကွာ...! ရော့.. ဒီကုတ်အင်္ကျီဝတ်ထား! ရဲမှုးကြီးတို့ကိုလည်း ကျေးဇူးတင်ပါတယ်နော်... ခွင့်ပြုပါဦး.."
Yixing-ge ဆွဲခေါ်လာရာနောက်ကို တရွတ်ဆွဲပြီး လိုက်နေရသည်။
"Ge... ဖြည်းဖြည်းလျှောက်...."
"ပါးစပ်ပိတ်ပြီး မြန်မြန်လျှောက် shixun!"
"ဟုတ်..."
Geက ကျွန်တော်တို့အဆောင်ကို ခေါ်သွားပေးသည်။ တစ်လမ်းလုံးလည်း ဘာမှမပြောဘဲ မျက်နှာက တည်တင်းလျက်။ ကျွန်တော်လည်း သူ့မျက်နှာထားကြောင့် စကားမပြောရဲ။
"ရေချိုး အဝတ်လဲ... ငါဆေးသွားဝယ်ဦးမယ်..."
Geစိတ်တိုနေပုံရသည်။
~ ~ ~ ~ ~ ~ ~ ~
"အာ့... စပ်တယ်.. လောင်းမချနဲ့လေ ge..!"
"ငါဂွမ်းစနဲ့ လုပ်ပေးနေတာ Shixun! မင်းဒဏ်ရာတွေဘယ်လောက်ဆိုးလဲ မင်းပဲသိမယ်...!"
လက်ဆစ်တွေရယ်.. မျက်နှာနဲ့ တစ်ကိုယ်လုံးပေါ်က ရှရာပြတ်ရာတွေရယ်ကို ဆေးထည့် ပလတ်စတာကပ်ပေးပြီးသည်အထိ Geမျက်နှာက တည်နေတုန်း။
"Geရာ... စိတ်မဆိုးပါနဲ့ဗျာ...။ ကျွန်တော့မှာလည်း ခေါ်လို့ရတဲ့ အုပ်ထိန်းသူဆိုလို့ ge ဘဲရှိတာလေလို့..."
လေသံပျော့လေးနဲ့ ချော့ကြည့်တော့
"အဲ့ဒီကို လာခေါ်ထုတ်ရလို့ ငါစိတ်ဆိုးတာမဟုတ်ဘူး Shixun! မင်း မဆင်မခြင်တွေ လုပ်လို့ ငါစိတ်ညစ်တာ...။ Jonginကလည်း ဆေးရုံတက်နေရတုန်း.. မင်းကပါ အချုပ်ထဲရောက်တယ်ဆိုတော့ ငါဘယ်လောက်စိတ်ပူသွားရလဲသိလား!!!"
"ဟို... ကျွန်တော်လည်း Ge ကို ဒီလိုခေါ်ရမယ်မှန်းမသိခဲ့လို့ပါ geရာ... ကျွန်တော်တောင်းပန်.."