11.13
ထိုစကားကို မြင်ပြီး ကြယ်တာရာကွန်ယက်မှာ ထပ်မံ ပွက်လောရိုက်သွားခဲ့တယ်။ ကြည့်ရှုသူပရိသတ်တွေက အယ်ဒရစ် မိသားစုရဲ့ ဘဝင်မြင့်မှုက ဘယ်ကများ ရောက်လာတယ်ဆိုတာ နားမလည်နိုင်ကြတော့ပေ ။သူတို့မျက်လုံးထဲမှာ လက်အောက်ခံလူတွေကို သတ်ချင်တိုင်း သတ်လို့ရတဲ့ တိရစ္ဆာန်လို့များ ထင်နေတာလား မသိဘူး။
ပရိသတ်တွေက မှတ်ချက် ပေးဖို့ရာတောင် ဆွံ့အ သွားကြတယ်။ ဘဲဥ အီမိုဂျီတွေ၊ အီးပုံ အီမိုဂျီတွေကပဲ သူတို့ရဲ့ စိတ်ခံစားချက်ကို ဖော်ပြနိုင်လေတယ်။
အယ်ဒရစ် မိသားစုရဲ့ လက်အောက်ခံ အင်အားစုတွေကလည်း ဒေါသထွက်လွန်းပြီး ပြောစရာ စကား မရှိကြတော့ပေ။ သူတို့ဟာ အယ်ဒရစ် မိသားစုခေါင်းဆောင်ရဲ့ ခေါ်ဆိုမှုတွေကိုလဲ ငြင်းလွှတ်ကြတယ်။ ပြီးတော့ သူတို့ကြားရှိ အများဆန္ဒကလဲ အယ်ဒရစ် မိသားစုက သူတို့ရဲ့ သစ္စာစောင့်သိမှုနဲ့ မထိုက်တန်ဘူးလို့ ထင်မှတ်လာကြလေပြီ။
အယ်ဒရစ်အိုကြီးက ဆံဖြူလောက်သည်အထိ စိတ်ဆင်းရဲနေလေတယ်။ သူက terminal ကနေ တောက်လျှောက် ခေါ်ဆိုခဲ့ပေမဲ့ busy tone သာ ကြားခဲ့ရတာ ဖြစ်လေတယ်။ သူ့နှလုံးသားက တော့ စုန်းစုန်း နှစ်မြှပ်နေလေပြီ။
အယ်ဒရစ် မိသားစုက ရပ်တန့်လို မရနိုင်ပြီး ကြောက်စရာသားရဲ နဲ့တူတယ်ဆိုပေမဲ့ အရာအားလုံးက အောက်ခြေက လူတွေအပေါ် မူတည်နေတာ ဖြစ်လေတယ်။ တစ်ရက်ရက်မှာ အဲဒီလူတွေက အယ်ဒရစ် မိသားစုကို ဆက်လက်ထောက်ပံ့ပေးဖို့ ဆန္ဒမရှိတော့ဘူးဆိုရင် အဲဒီကြောက်မက်ဖွယ် သားရဲလည်း တိမ်ပေါ်ကနေ မြေကြီးပေါ် တိုက်ရိုက်ပြုတ်ကျပြီး အကျနာမှာ ဖြစ်တယ်။
ဒီလို အခြေအနေမျိုးကို 'ပြဇာတ်တပုဒ်'လို့ တင်စားနိုင်တယ်။
သူရဲ့ အလားလာအကောင်းဆုံး သားတော်မောင်က သူရဲ့ နှစ်ပေါင်းများစွာ အားစိုက်မှုတွေကို စကားလေး တစ်ခွန်း နှစ်ခွန်းနဲ့ ဖျက်ဆီးပစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးထင်မထားမိပေ။ သူက ကြယ်တာရာကွန်ယက်ကို ဖွင့်လိုက်ပြီး ဘားနတ်ရဲ့ အခြေအနေကို မနှစ်မြို့ဖွယ် ကြည့်နေလိုက်တယ်။
YOU ARE READING
ABO world ( Arc 11 FOD ) (completed)
FantasyThis is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other who interested in reading mm translation for FOD. This Arc is about ABO world.