ကြီးကျယ်ခန်းနားလှသည့် မင်္ဂလာပွဲခန်းမကြီး။
ခန်းမအဝင်ဝတွင်ကားတစ်စီးထိုးရပ်လာသည်၊
ကား၏အနောက်ခန်းမှ ဆင်းလာသော "မ"
ကားပေါ်မှဆင်းဆင်းခြင်းမြင်လိုက်ရသည်က...
အဝင်ဝ ဘေးနှစ်ချက်မှာထောင်ထားသော
မင်္ဂလာဓာတ်ပုံပိုစတားကြီးကိုပင်။ပိုစတာ ထဲမှ
မောင်နဲ့မောင့်ရဲ့ဇနီ ပုံလေး။သူမ သတိထားမိပါသည်။
ခန့်မှန်းစရာမလို မောင် ၏မျက်နှာအနေအထား
မကောင်းသည်ကိုလေ။သူမ အသက်ပြင်းချရုံမှ
တစ်ပါး..."ငါ့တူမ"
"ရှင်"
ကားဆရာ၏ ခေါ်သံကြောင့် သူမ အတွေးများ
ပျောက်ပြယ်ပြီး။"အပြန်ဆို ဖုန်းဆက်လိုက်လို့ပြောမလို့ပါ။
ကျွန်တော်သွားစရာရှိလို့။""အွန်း...ရပါတယ်ရှင့်..."
သူမ မောင်းထွက်သွားသော ကားကိုကြည့်ပြီး
ခန်းမအဝင်ဆီအကြည့်ပြန်ပို့မိပါသည်။
ဝင်ဖို့ရန်ပင် သူမတွန့်ဆုတ်နေမိသည်။"ဟယ်။
ဆရာမလေး မလား။"ထိုတွင် သူမလက်မောင်လာကိုင်ကာပြောသော
အဖွားတုန်၊သူမ မှတ်မိသည်လေ မောင်ရဲ့ အဖွား ၊အဖွားတုန် အဖွားအရင်းတော့မဟုတ်
မောင့် အဖွားရဲ့ညီမအငယ်ဆုံးပင်ဖြစ်သည်။
အဖွားတုန်မှာ အရင်တုန်းကအတိုင်ပင်၊
ကျန်းကျန်းမာမာ သွက်သွက်လက်လက်...ရှိလှသည်။"ဆရာမ လေးဟုတ်တယ်မလားတော်"
"အဖွားတုန်း...က သမီးကို ဘယ်လိုမှတ်မိ။"
"ဒီမျက်နှာကို လမ်းဘေးရွှံ့အိုင်ထဲလှဲချပြီး ထလာရင်
တောင်မှတ်မိတယ်တော်""အဖွားတုန်...ကအရင်တိုင်းပဲနော်။"
"အေးတော့်...အရင်တိုင်းဆိုပေမဲ့လဲ အခုလို
အသက်ကြီးလာတော့ နေရထိုင်ရခက်တယ်ကွဲ့""ကျန်းမာရေးဂရုစိုက်ပါ အဖွားတုန်ရယ်။"
"အေးအေး...အခု သမီးမင်္ဂလာပွဲလာတယ်မလားကွဲ့
လာ...လာ ဝင်မယ်။"