Dandelion​ရေ . .

အဲဒီ​နောက်​ ​နွေရက်​​တွေမှာ
မင်းရဲ့ ရနံ့​တွေ မ​ရောက်​ရှိနိုင်​တဲ့ အရပ်​ဆီကို
ကိုယ်​ ဦးတည်​ခဲ့တယ်

ပန်းရနံ့ မသင်းပျံ့တဲ့
နွေရာသီဟာ ပူ​လောင်​လွန်းပါတယ်​ . .

ဒါ​ပေမယ့်
ကိုယ်​ တစ်​ခု​တော့ နားလည်​ထားတယ်

မင်းနဲ့ ကိုယ်​ကြားမှာ ဘယ်​တုန်းကမှ
နီးစပ်​ခြင်း မဖြစ်​ခဲ့သလို
ဝေးကွာခြင်းလည်း မရှိခဲ့ဘူး . .

အစကတည်းက
ကိုယ်​တို့ နှစ်​​ယောက်​ဟာ
ကိုယ့်​ကမ္ဘာနဲ့ ကိုယ်​ သီးသန့်​ဆန်​​နေကြ​သော
ဖြစ်​တည်​မှုများသာ . .





The End . . .

To my Dandelion . . . (Myanmar Version)Where stories live. Discover now