"Taehyung nar...ဘယ်မှလျှောက်မသွား
နဲ့နော်..Appa နဲ့ Omma ပြန်လာခဲ့မယ်၊
ဒီမှာပဲစောင့်နေနော်""Nae"
ပန်းခြံတစ်ခုအတွင်း၌
ပါးဖောင်းဖောင်းကလေးနှင့်
အလွန်ပင်ချစ်စရာကောင်းသော
၁၂ နှစ်အရွယ်ကောင်လေးတစ်ယောက်ကို
မှာနေသော မိဘနှစ်ယောက်။ကလေးမှာ ၁၂ နှစ်အရွယ်ဖြစ်သော်
လည်း အူတူတူအတတ ပုံစံလေး
ဖြစ်ပေသည်။ကောင်လေးကတော့ သူ့မိဘတွေမှာ
တာကို လှပစွာပြုံးပြရင်း နာခံနေလေရဲ့။မိဘတွေပုံမှာ ကြည့်တာနဲ့တင်
အထက်တန်းလွှာပုံစံပေါက်လှသည်။မိဘတွေထွက်သွားသောအချိန်တွင်
မိဘနှစ်ပါးရဲ့ကျောပြင်ကိုငေးကြည့်
ရင်းကျန်ခဲ့လေသော ကောင်လေးခမျာ
ဘာမှမသိနားမလည်သောကြောင့်
သူ့မိဘတွေမှာခဲ့သောနေရာတွင်သာ
ငြိမ်ငြိမ်လေးစောင့်နေလေရဲ့။ဒီလိုနဲ့အချိန်တွေကုန်ဆုံးလာလို့
နေမင်းကြီးတောင်ဝင်သွားခဲ့ပေမဲ့
ကလေးငယ်ကတော့ ထိုနေရာတွင်သာ
ကြောက်ကြောက်နှင့် စောင့်မြဲ
စောင့်နေဆဲသာ။ထိုအချိန်တွင်....
"ကောင်လေး..မင်းက Kim Taehyung လား"
ကောင်လေးမှာတော့ ကြောက်ကြောက်နှင့်
ထို လူကြီးနှစ်ယောက်အားကြည့်ကာ
မျက်လုံးပြူးပြူးလေးနှင့် ခေါင်းငြိမ့်ပြ
လေသည်။"လာခဲ့ ဦးတို့နဲ့လိုက်ခဲ့"
"ဟင့်အင်း သားမေမေနဲ့ဖေဖေက ဒီမှာပဲသားကို
စောင့်ခိုင်းထားတာ သားဘယ်မှမလိုက်နိုင်ဘူး"ကောင်လေးမှာ ချက်ချင်းပဲ
အသည်းအသန်ငြင်းလေရဲ့။
"ကောင်လေး ဦးတို့ကို မင်းအဖေနဲ့အမေက
လွှတ်လိုက်တာ ဦးတို့နဲ့လိုက်ရင်
မင်းအဖေနဲ့အမေနဲ့ကိုတွေ့ရမှာ"
YOU ARE READING
Paternity(Taekook)
RomanceFirst Crd to jk_27yu @jk_27yu We created this story together. Thanks to jk_27yu Cover Created by meshalstyles. ဤ Fic ၌ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဉ် သက်သက်မျှသာဖြစ်သဖြင့် Idol Image ကိုထိခိုက်စေလိုချင်းမရှိပါ။ မည်သူကိုမျှထိခို...