"Merida....နင် အဲ့အခန်းထဲပဲ နေနေတော့မှာလား" Merida၏ အမေဖြစ်သူက စိတ်မရှည်စွာ တံခါးကို ထုရိုက်ရင်း မေးလိုက်သည်။ နီညိုရောင်ဆံပင်တိုတိုနှင့် Meridaသည် ချမ်းသာသော မိသားစုမှ ဆင်းသက်သော ခပ်ဆိုးဆိုး အရွဲ့တိုက်တတ်သော မိန်းကလေး တစ်ဦး။ သူမချစ်ရသော ဦး၏ပြောစကားမှလွဲရင် ဘယ်သူ့စကားမှ နားမထောင်တတ်သူ။
"အေး နင်အခုမှထွက်မလာရင်တော့ နင် Americaကို သွားရမယ်ဆိုတဲ့ အတွေးတွေ မေ့လိုက်တော့။" ဒေါသသံဖြင့် အမေက ကျိန်းမောင်းပြီး အခန်းရှေ့က ထွက်သွားမှ ဆံပင်တွေကို ထိုးဖွပြီး Meridaသက်ပြင်းချမိသည်။
Meridaသည် တကယ်တော့ အများမြင်သလို ခပ်ဆိုးဆိုးမိန်းကလေးတစ်ဦးမဟုတ်။ သူမသည် best-seller စာရေးဆရာဖြစ်လိုသော ပန်းတိုင်ရှိသည်။ ထိုပန်းတိုင်ကို ရောက်အောင် အားထုတ်ရင်း ထိုကဲ့သို့ ခပ်ဆိုးဆိုးပုံပေါက်သော မိန်းကလေးပုံဖြစ်လာသည်။ သူမ၏ ပန်းတိုင်ကို တိုးတိုးတိတ်တိတ် အကောင်အထည်ဖော်ရင်း အခန်းတွင်းက အခန်းပြင်မထွက်သော အကျင့်တစ်ခုဖြစ်လာရသည်။ Americaကို သွားမည်ဆိုသည်မှာလည်း စာမူကုန်ကြမ်းရှာလိုသောကြောင့်ဖြစ်သည်။
"အင်း..ဒီနေ့က လပြည့်နေ့ပါလား။ ဒီနေ့ ဦးလာမယ်ထင်တယ်။ ပန်းခြံထဲမှာ သွားစောင့်ရမယ်။" ပြောပြောဆိုဆိုနှင့် သူမရေးလက်စ ဝတ္ထုကို ဆက်ရေးနေသည်။ သူမ စိတ်ပါဝင်စားစွာ စာရေးနေရင်း အချိန်ကုန်သွားသည်ကို မသိလိုက်။
"အာ...၁၂တောင်ထိုးတော့မယ်။ ခဏလောက်တော့ အနားယူမှပဲ။ ဦးရောက်ပြီလားတောင် မသိဘူး။" Meridaတစ်ယောက် စာရေးတာရပ်ရင်း အိမ်ပေါ်မှဆင်းကာ ပန်းခြံထဲရှိ ခုံကလေးသို့ သွားကာ ထိုင်မိသည်။ထိုအချိန်တွင် သစ်ပင်နောက်မှ အမည်းရောင်ဝတ်လူတစ်ယောက် ပေါ်လာပြီး သူမ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ "ငါတို့ရဲ့ Meridaလေး နောက်ဆုံးတော့ အခန်းထဲက ထွက်ပြီပေါ့။"
သူမက ပြုံးရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။ "အင်း....အနားယူမယ်ဆိုပြီး ထွက်လာတာ။ ဒါနဲ့ ဦးက ဘာလို့ Meridaဆီကို လာမလည်ရတာလဲ။ Meridaက မျှော်နေတာ။""Merida....ဦးအထင်တော့ ဒီညက ဦးရဲ့ နောက်ဆုံး လပြည့်ညဖြစ်မယ်ထင်တယ်။" ထိုသူက ပြောရင်း Merida၏ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။
"ဦး....ဘယ်လို။ဦးက Meridaကို ထားသွားတော့မှာလား။" Meridaတစ်ယောက် အသံတိုးတိုးဖြင့် မေးမိသည်။"အင်း...ဦးက လူမှမဟုတ်တာ Meridaရယ်။ဘယ်လိုလုပ် ဒီလောကမှာ အကြာကြီးနေလို့ရမှာလဲ။ နှစ်၂၀ဆိုတာလည်း တော်တော်ကြာနေပြီပဲလေ။ တစ်ခုတော့ရှိတယ်.. Merida။ဦးသွားရမှာ မင်းကို စိတ်ပူတယ်။ လိမ္မာအောင်နေပါ။ မင်းဖြစ်ချင်တာလဲ မိဘကို ပြောပေါ့။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းအောင်နေနော်။ ပြီးတော့...ဦးကို မေ့လိုက်ပါ။" ထိုသို့ပြောပြီး အမည်းရောင်ဝတ်လူက အရိပ်ထဲကို တိုးဝင်ရင်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
Meridaတစ်ယောက် ခုံလေးတွင် တစ်ညလုံးထိုင်ပြီး ငိုနေခဲ့သည်။ သို့သော် နောက်ရက်မှစကာ Meridaသည် ထူးဆန်းစွာပြောင်းလဲသွားသည်။ လူတိုင်းနှင့် အဆင်ပြေစွာ ပေါင်းသင်းနိုင်အောင် ကြိုးစားပြီး ပြုံးပြုံးရွှင်ရွှင်နေသည်။ သို့သော် ညရောက်လျှင် သူမ ချစ်ရသော ဦးကို လွမ်းဆွတ်ကာ ငိုမြဲဖြစ်သည်။
နောက်၃နှစ်အကြာတွင် Meridaရေးသော စာအုပ်တစ်အုပ်က Best-sellerဖြစ်လာသည်။
စာအုပ်၏ အမည်ကတော့.....
"That one person"
YOU ARE READING
That Night
Short Storyသာမန် လပြည့်ညလေးတစ်ခုက လူတစ်ယောက်ကို ပြောင်းလဲနိုင်မယ်ထင်လား... Microfiction_fullmoon