Seoul မြို့ရဲ့နံနက်ခင်းမှာ ဆောင်းရာသီဖြစ်သကဲ့သို့ ယခင်ကအတိုင်း မြူများကျဆင်းမြဲပင်ဖြစ်သည်။
လူတိုင်းကိုယ်စီကိုယ်စီ သက်ဆိုင်ရာနေရာသို့သွားလာလှုပ်နေကြပေသည်။
ထိုအချိန်တွင် Seoul မြို့၏ နာမည်ကြီး အနုပညာကျောင်းဖြစ်သော School of Performing Arts ရှေ့၌ ကျောင်uးniform ဝတ်စုံအားဝတ်ဆင်ထာပြီး နောက်တွင် ကျောပိုးအိတ်တစ်လုံးနှင့် လက်နှစ်ဖက်တွင်လည်း အတော်အသင့်အရွယ်ရှိ လက်ဆွဲအိတ်နှစ်လုံးကိုင်ဆောင်ထားကာ
ကျောင်းအား အတန်ငယ် ငေးမောကြည့်နေသော ကောင်လေးတစ်ယောက်၏အသွင်မှာလည်း တစ်မျိုးထူးခြားနေပြန်သည်။မကြာမီ ဆရာမများနားနေခန်းသို့ထိုကောင်လေးရောက်ရှိသွားပြီး ဆရာမတစ်ယောက်ထံသွားကာ မိမိသိလိုသည်များအားမေးမြန်းနေပြီးနောက် အထုပ်များဆွဲကာတစ်ဖန်ပြန်ထွက်ပြီး တစ်နေရာသို့ ဦးတည်သွားနေခဲ့သည်။
ထိုကောင်လေးမှာ အရပ်အတော်အသင့်ရှည်သော်လည်း အလွန်ရှည်သည်တို့ထဲတွင်မပါ။
ယောင်္ကျားလေးတစ်ယောက်ရှိသင့်သည့် အနေအထားဖြစ်ပြီး ဝဝလုံးလုံးလေးဟုပင် ဆိုနိုင်သည်။အဆောင်တစ်ခုအတွင်းရှိ နှစ်ထပ်မြောက် အခန်းဝရှေ့သို့ အရောက် ပါလာသည်များဘေးချကာ မိမိကိုယ်ကို အနည်းငယ်ပြုပြင်ပြီး တံခါးခေါက်လိုက်ပေသည်။
အခန်းတံခါးပွင့်လာသည်နှင့် ထိုအနှီလူသားပြောလိုက်သည်မှာ....
"မင်္ဂလာပါ...ကျွန်တော်နာမည် Park Jimin ပါ"
ဟူ၍ပင်....။<<<<<<<<<<<>>>>>>>>>>>>>>
ကျွန်တော်အခုရောက်နေတာ Seoul မြို့ရဲ့ ကျောင်းရှေ့မှာပဲ။
ငယ်ငယ်ကတည်းက သီချင်းဆိုရတာနဲ့အကကို ဝါသနာပါခဲ့တဲ့ ကျွန်တော့်အတွက်အခုအိပ်မက်တွေတကယ်ဖြစ်လာခဲ့ပြီလေ။
ကျွန်တော့်မွေးရပ်မြေက Busan လေ...
Seoul ကိုအခုမှရောက်ဖူးတာရယ်တော့မဟုတ်ပေမယ့် အခုမှကျောင်းတက်ဖို့ရောက်လာခြင်းပင်။
ကျွန်တော့်မိဘတွေကတော့ busan မှာပဲပေါ့။
ကျွန်တော်တို့က အရမ်းကြီးမချမ်းသာပေမယ့်လို့ ဆင်းရဲတဲ့ထဲတွင်မပါ။
Busan မှာဆိုရင်တော့ ချမ်းသာတယ်ပဲပြောရမလား?
ဒါကြောင့်လည်းကျွန်တော် seoul မှာကျောင်းလာတက်နိုင်တာပေါ့ ...
မိဘတွေက ကျွန်တော်ဝါသနာပါတာကိုလုပ်စေချင်ပါတယ် ငယ်ငယ်ကတည်းက လိမ်လိမ်မာမာလည်းနေလာခဲ့တော့။
ကျွန်တော့်ရည်မှန်းချက်က အရမ်းကြီးအောင်မြင်ဖို့လည်းမဟုတ်...
ကျွန်တော်ဝါသနာပါတဲ့ အဓိကကသီချင်းကိုကောင်းကောင်းဆိုတတ်ပြီး မေမေရဲ့စားသောက်ဆိုင်ကို ဆက်လက်ထိန်းသိမ်းဖို့ပဲလေ။
ဖေဖေရဲ့စက်ရုံကိုတော့ ညီငယ်လည်းစိတ်ဝင်စားတော့ ကျွန်တော်အသာလေးနေပြီး ဘေးကပဲပေါ့။
အင်း....အဲ့လိုနဲ့ကျွန်တော် Seoul ကိုရောက်လာတယ်ဆိုပါတော့...
ကျောင်းဖွင့်စကတည်းကကျွန်တော်လာတက်မလို့ကို busan မှာက ဖေဖေနဲ့မေမေ့အလုပ်တွေအနည်းငယ်ကူရင်း ကြာနေခဲ့တာ...
အခုတော့ ဆောင်းတောင်ဝင်နေပြီပေါ့။