Love Maze<3>

338 52 24
                                    

Yoongi's POV

ဟာ...Min Yoongi သေချာနားထောင်စမ်း projectတဲ့ မကြားလိုက်လို့မဖြစ်ဘူးနော်

စာသင်ခန်းတွင်အိပ်မပျော်သွားစေရန်မိမိကိုယ်ကိုအကြိမ်ကြိမ်သတိပေးနေသည်မှာ ကျွန်တော်Min Yoongiရယ်ပါ...ဆရာကဒီprojectက နောက်ဆုံးfinalအတွက်အရေးကြီးသည်ဟုပြောသောကြောင့်သာလိုက်နားထောင်နေရသော်လည်း ဆရာ့၏စကားများမှာ တစ်ဖက်နားမှဝင်၍ကျန်တစ်ဖက်မှပြန်ထွက်သွားဟန်....

ကျွန်တော်အခုကမ္ဘာပေါ်တွင်အလေးလံဆုံးအရာများဖြစ်သောမျက်ခွံများအားမမှိတ်သွားဖို့အရေး ကြိုးပမ်းနေရသည်၊၊ တော်ပါပြီ ခုလည်းဘာမှခေါင်းထဲဝင်တာမှမဟုတ်တာ၊၊ အိပ်တာပဲကောင်းတယ်၊ အိပ်စက်ခြင်းသည်ကျန်းမာရေးအတွက်လွန်စွာကောင်းမွန်၏တဲ့.....

ဒါပေမဲ့ ကျွန်တော်မမေ့သင့်သည့်အရာကိုမေ့သွားခဲ့၏၊၊ အခုသင်နေတဲ့ဆရာကစည်းကမ်းအရမ်းတင်းကြပ်ပြီးဒေါသကြီးသည်ဟူသည့်အချက်ကိုပေါ့.....

"Min Yoongi အဲ့ဒါဘာလုပ်နေတာလဲ"

"Hee...တောင်းပန်ပါတယ်ဆရာ ကျွန်တော်နည်းနည်းအိပ်ငိုက်သွားတာပါ"

"မင်းရဲ့နည်းနည်းအိပ်ငိုက်တယ်ဆိုတာကစားပွဲပေါ်တောင်မှောက်အိပ်တာကိုပြောတာလား ၊မင်းမှာအရည်အချင်းရှိပြီးသားဆိုပြီးငါ့ကိုမလေးမစားလုပ်တာလား ၊ ဒီprojectကအရေးကြီးလို့သေချာနားထောင်ပါဆိုတာကိုမင်းကအိပ်တောင်အိပ်လိုက်သေးတယ်"

"ဆရာ အဲ့လိုမဟုတ်ပါဘူး အဲ့ဒါကလေ"

"တော်တော့ ငါ့ကိုဘာမှပြန်မပြောနဲ့ ကျောင်းဆင်းရင်မပြန်နဲ့ မင်းdetentionမိပြီလို့သာမှတ်ထားတော့"

အဲ့လိုနဲ့သနားစရာကျွန်တော် Yoongiလေး detentionမိသွားတယ်ပေါ့ဗျာ.....

Yoongi မသိလိုက်တာတစ်ခုက ခုန
ကအဖြစ်အပျက်တွေကိုတံခါးဝမှနေ၍အစအဆုံးမြင်သွားပြီး အကြံတစ်ခုရကာ ပြုံး၍ပျော်ရွှင်စွာထွက်သွားသောကောင်လေးတစ်ယောက်ရှိနေခဲ့တယ်ဆိုတာကိုပေါ့

💞💞💞💞💞

Jimin's POV

ဟင်းးး ဒီနေ့hyungကိုလည်းမတွေ့ရသေးဘူး...လွမ်းလိုက်တာ hyungရာ.... မနေ့ကတွေ့ပြီးကတည်းကခုထိမတွေ့ရသေးတာ...မနက်ကရော အခုရောcanteenကိုမလာဘူး၊၊

LOVE MAZE💞 [On Hold]Where stories live. Discover now