တက္ကသိုလ် ဖွင့်တာ တစ်ပတ်ကြမှာ ဆယ်ဟွန်း အတန်းစတတ်သည်။
ငယ်သူငယ်ချင်းဖြစ်တဲ့ ဂျုံအင်နဲ့လဲ မေဂျာတူမို့ အရင်က သင်ထားတဲ့ စာတွေအတွက် ပူစရာမလို။အတန်းထဲမှာ တစ်ယောက်ပြီး တစ်ယောက် လှည့်သင်နေတဲ့ ဆရာတွေကြောင့် အမြဲလိုလို တတ်ကြွ နေတဲ့ ဆယ်ဟွန်းစိတ်တွေက ကြက်ပျောက် ငှက်ပျောက်။
"ဂျုံအင် အတန်းလစ်ကြမလားဟင် "
"စာကြိုးစားစမ်းပါကွာ..."
"အေး မင်း မလစ်ရင် ငါလစ်ပြီး"
ဆရာအလစ်ကို စောင်ပြီး လစ်တာနှင့် အခန်းအပြင်ကို ပြေးထွက်ခဲလိုက်တော့၏။
"ဘုတ်..."
စာသင်ခန်းထဲက ပြေးထွက်လာတဲ့ ရှပ်ပြာလေး ဆယ်ဟွန်းတစ်ယောက် မိမိရှေ့က လူကို မမြင်ပဲ ဝင်တိုက်မိပါတော့သည်။
"ဒီမှာ ခင်ဗျား ပြေးလာတဲ့သူကို မမြင်ဘူးလား"
မမြင်ပဲ ဝင်တိုက်တာက ဆယ်ဟွန်းဖြစ်သလို
ရန်စွာတာလဲ ဆယ်ဟွန်းပင် ဖြစ်၏။တကယ်ပဲ လူတစ်ယောက်လုံးပြေးလာတာကိုတောင် မမြင်နိုင်ဘူး။
"ဟို တောင်းပန်ပါတယ် ဗျ..
ကျွန်တော် မြင်လိုက်ပေမဲ့ရှောင်ဖို့ အချိန် မမှီလိုက်လို့ပါ "စာအုပ်တွေ ကူကောက်ပေးနေရင်း လက်ချောင်းသွယ်သွယ်လေးတွေကို မြင်တော့ နည်းနည်း ရင်ခုန်မိသွားသလိုပင်
"ဟွန်း..နောက်ဆို သတိထားပါ "
"ရော့..."
"ကျေးဇူးပါဗျ..."
စာအုပ်တွေ ကို လက်ထဲ ပြန်ထည့်ပေးလိုက်ရင်း မြင်လိုက်ရတဲ့ အပြုံး မျက်နာလေးကြောင့် ဆယ်ဟွန်း ကမ္ဘာကြီး ခဏတာ ရပ်တန့်သွားသည်။
"ဒုတ်... ဒုတ်..."
မားမားရေ....။ သား အသည်းကြီး ပြုတ်ထွက်ကုန်တော့မယ် ထင်တယ်ဗျ။
ချောရက်လိုက်တာ....။ မျက်မှန်လေးနဲ့ စာဂျပိုးရုပ်လေး။ နာရွက်ကားကားလေးကလဲ လိုက်ဖက်နေပြန်ရော။ မျက်လုံးလှလှလေးနဲ့ အနီးကပ်ရှိနေတဲ့ ပါဝါထူမျက်မှန်ကြီးကို မနာလိုလိုက်တာ။
ငါ့ရည်းစားဖြစ်မှ အဲ့မျက်မှန်ကို တတ်နင်းပြစ်မယ်။ ပီးရင် အဲ့မျက်လုံး လှလှလေးတွေကို တစ်နေကုန် ထိုင်ကြည့်မယ်။
နှုတ်ခမ်းထူထူလေးကလဲ နီရဲ ပြီး နမ်းလိုက်ရရင် ချိုနေမှာပဲ။အခုပဲ အရသာကို စမ်းသပ်ကြည့်ချင်နေပြီ။
နတ်သားလေးများ ဆယ်ဟွန်းရှေ့ရောက်နေတာလား။
သေချာပြီ...ဆယ်ဟွန်းရှေ့မှာ ရပ်နေတဲ့သူက ဆယ်ဟွန်းဖူစားဖက်ပဲ ဖြစ်ရမည်။"သွားလိုက်ပါဦးနော် "
"နေ..နေပါဦး"
"ဘာများဖြစ်လို့လဲဗျ "
"ကိုကို နာမည် ဘယ်လိုခေါ်လဲဟင် "
ကိုကိုဆိုတဲ့ အခေါ်အဝေါ်ကြောင့် နီသွားတဲ့ မျက်နာလေးနဲ့ ရှက်နေပုံလေးက ဆယ်ဟွန်း အသဲကို ခြွေယူနေပြန်သည်။
"ဟို...ဟို ပတ်ချန်းယောလ်ပါ ခင်ဗျ"
ပြောပြီးတာနဲ့ လှစ်ခနဲ နေအောင် ထွက်ပြေးသွားတဲ့ ကိုကို ကို ကြည့်ရင်း ဆယ်ဟွန်း ပြုံးနေမိပါ၏။
"ကိုကို သတိထားနေနော် နောက်ကျရင် ကိုကို အနားမှာဆယ်ဟွန်းနီးလေးက တောက်တဲ့လို ကပ်နေတော့မှာ ဟိဟိ"
ကိုကိုရေ...ဘရေ့ယူအာဆပ် ပါနော်။
ဆယ်ဟွန်းနီးလေးက ကိုကို ကို ချစ်တတ်အောင် သင်ပေးပါတော့မယ်။မြင်ကွင်းထဲက ပျောက်သွားမှ ဆယ်ဟွန်းလဲ နေရာမှ လှည့်ထွက်ခဲ့ပြီး Game ဆိုင်ကို ဦးတည်လိုက်သည်။
အိမ်ပြန်ရောက်ရင်တော့ မားမားကို ဆယ်ဟွန်း ဖူးစာဖက်ကို တွေ့နေပြီ ဖြစ်ကြောင်း ကြွားရမည်။
အိုးဟိုး...ဆယ်ဟွန်းဘဝလေးက သာယာလိုက်တာ။
ကျောင်းစတတ်တဲ့နေမှာပဲ ဖူးစာဖက်ကိုတွေ့လိုက်ရပြီ။
နှစ်ချို့ အက်ဖေ နဲ့များကွာပ။😎............tbc.....
ဒါလေးက အပိုင်သိပ်မရှည်လောက်ပါဘူး။
မကြိုက်လဲဖတ်ပေး...😒ဒါပဲ
YOU ARE READING
မားမား 's Boy🤓
Fanfictionကိုကို ကို ကိုကို မားမားဆီကနေ ရအောင် ယူမယ်😎😎 ယောက္ခမ ကြီး ခင်ဗျားသားက ကျွန်တော်အပိုင်ပဲ 😎 ပုံ- အချောလေး ဆယ်ဟွန်း