five

1.4K 205 61
                                    

"ကိုကိုရေ...ဆယ်ဟွန်းနီးလေးလာပြီ"

ကိုကိုနဲ့ တွေ့နေကျ library ထဲက ချောင်ကျကျနေရာမှာ ကိုကို ကိုတွေ့တာနှင့် အပြေးသွားကာ ဘေးတွင် ကပ်ဝင်ထိုင်လိုက်သည်။

အရင်လို ကိုကို က ဆယ်ဟွန်းနီးကို မလန့်တော့။

အပြုံးလှလှကြီးနှင့် ကြိုဆိုကာ

"ရောက်လာပြီးလား" ဟု ချိုသာစွာမေးသည်။

ကိုကို ကို ဆယ်ဟွန်းနီး ကပ်နေတာ တော်တော်ကြာခဲ့ ပြီကို။

ကိုကို ဆယ်ဟွန်းနီးကို မလန့်ဖို့က လွယ်တယ်လို့တော့ မထင်စေချင်။

အားတဲ့အချိန်တိုင်း ဘီအက်ဖ်အက်ဖ်ကြီး ဖြစ်တဲ့ ဂျူံအင်ကို ပလစ်ပြီး ကိုကိုဆီ သွားပြီး ပလီပလာ ညဏ်ဆင်ရတာအမော။
ဆယ်ဟွန်းနီရဲ့Agiooပေါင်းသောင်းခြောက်ထောင်မှာ ကိုကို ကြွေဆင်းသွားတယ်လေ..အဟင်း။
ကိုကိုနားကပ်တွယ်နေတာ အချိန်ကြာပြီဖြစ်တဲ့အတွက်ကြောင့် ဒီနေ့ပဲ ကိုကို ကိုဖွင့်ပြောတော့မယ်။
ကိုကိုလဲ ဆယ်ဟွန်းနီးကို ချစ်မယ်ဆိုတာ သေချာတာမို့...။

"ကိုကို...ပြောစရာရှိတယ် "

"အင်း...ခဏ ကိုယ်စာဖတ်နေလို့"

"ဆယ်ဟွန်းနီးထက် စာအုပ်ကို ပိုခင်တယ်ပေါ့လေ"

အဲ့တော့မှ ဖက်လက်စ စာအုပ် ထူထူကြီးကို ပိတ်လိုက်ကာ ဆယ်ဟွန်းနီးရဲ့ ဆံပင်ပျော့အိအိလေးတွေကို ဖွလိုက်၏။

"ကဲ လူဆိုးလေး...ပြောစေဗျာ"

လူဆိုးလေးလို့ပြောလိုက်တာမို့ ဆယ်ဟွန်းမျက်နာလေး စူပုတ်သွားသည်။

ဒါကို သတိထားမိသွားတဲ့ကိုကိုက...

"ဟောဗျာ...လူဆိုးလေး ဘာတွေအလိုမကျလို့ မျက်နာကြီးစူပုတ်ရတာတုန်း"

"အိစ်ယား....ကိုကိုကအဲ့လိုကြီးပြောတော့ ဆယ်ဟွန်းနီးက လူဆိုးလေး ဖြစ်မသွားဘူးလား။လူဆိုးလေး မဟုတ်ပါဘူးနော် ဆယ်ဟွန်းနီးက"

"ဟုတ်လား...ကိုကိုက ဆယ်ဟွန်းနီးက်ိုလူဆိုးလေးထင်နေတာ ပြောပြပါဦးကိုကို ကို လူဆိုးလေးမဟုတ်ရင် ဘာလေးလဲ"

မားမား 's Boy🤓Donde viven las historias. Descúbrelo ahora