Encounter

445 43 13
                                    

Seoul မြို့ နေ့လည် ၁၂:၀၀

- Hope Hospital -

" ဆရာ !! ဆရာ !! လုပ်ပါဦးး
အစ်ကိုလေး နိုးလာပြီလား မသိဘူး

" ဆရာဝန်ခေါ်ပေးကြပါ !!!!!!

" Manager Shim ?
ဘယ်လိုဖြစ်လို့ - ?
- ခေါင်းမူးလိုက်တာ

" အစ်ကိုလေး ခဏလောက်နားလိုက်ပါဦး
ဝမ်းသာလိုက်တာဗျာ ..

ဟော သူပဲပြောပြောဆိုဆို ငိုနေလေရဲ့ ..

Manager Shim ဆိုတာ ကျွန်တော့် အတွက်တော့
အဖေတစ်ယောက်လိုပါပဲ .. ဟက် အဖေမရှိလို့လားဆိုတော့လဲ မဟုတ်ဘူး .

အဖေလဲရှိတယ် အမေလဲရှိတယ်
ဒါပေမယ့် သူတို့က ဟိုနိုင်ငံသွားလိုက်ဒီနိုင်ငံသွားလိုက်နဲ့ အလုပ်တွေပဲရှုပ်နေပြီး အဖတ်မလုပ်ကြဘူးလေကျွန်တော့်ကို ...

ကားအက်ဆီးဒင့် ဖြစ်ခဲ့တာလဲ သူတို့ကိုစိတ်တိုပြီး
ကုန်တင်ကားတည့်တည့်ကို ဝင်ကြုံးလိုက်တာ တမင်..
ကိုယ့်ကိုကို သေပြီထင်နေတာ .. မသေပြန်ဘူးတဲ့
ဘာကိစ္စနဲ့များ လူကိုလာပြီးတော့ ဆက်အသက်ရှင်ခိုင်းနေတာပါလိမ့် ?

" ဟင် ? ၁၀ နှစ်
Manager Shim ?
ဘီးကုတ်တပ်ထားတာလား ?

မဟုတ်သေးပါဘူး ..
လူ-လူတိုင်းရဲ့ခေါင်းပေါ်မှာ နံပါတ်တွေ
-ဘယ်လိုဖြစ်လို့ ??? ဘာနံပါတ်တွေလဲ
- ခေါင်းတွေကိုက်လာပြီ .. ခဏလောက်လှဲနေလိုက်ဦးမယ် .. အခုမှ သတိရခါစမို့ ယောင်ယောင်မှားမှားဖြစ်တာ ဖြစ်မှာပါ ...

ဒီလိုနဲ့ Hoseok တစ်ယောက် ပြတင်းပေါက်ဘေးကိုကြည့်မိတော့ .. ကောင်မလေးတစ်ယောက်
ခေါင်းထိပ် မှာ မိနစ် ဆိုသော အချိန်နှင့် ..
စိတ်ကလဲဝင်စားသည်ကိုး .. ဘာကိုသတ်မှတ်တာလဲဆိုတာ သိအောင်လုပ်ရမယ်လေ

ကောင်မလေးကို ဆက်ကြည့်နေရင်းး..
၂မိနစ် ကွက်တိတွင် ..

' ကျွီူးးးး ဒုန်းး

" ဟာ- က-ကားး !!
သေသွားပြီလားး ?

Bitter Heart • Sope | Where stories live. Discover now