Spring Summer Fall Winter >>
" ဟီးးးးးးးးး အားးးးးတကယ်မကောင်းတဲ့မိန်းမ
တသက်လုံးလင်မရပါစေနဲ့ဗျာ လင်ရ ရင်လည်း အဖိုးအို သက်ကြားအိုကြီးနဲ့ညားပါစေဗျာ သစ္စာဖောက်မ မကောင်းတဲ့မိန်းမဆိုး အီးးဟီးး "Do Kyungsooတစ်ယောက် EXကိုမေတ္တာပို့သနေတာ အသံကျယ်ကြီးနှင့် ။
" Kyungie ya တော်ပါတော့ကွာ မင်းကလည်း အဲ့လိုမပြောကဘူးလေ "
"ဖယ်စမ်း အစုတ်ကောင်တွေ မင်းတို့ကော တသက်လုံးလင်မရ အဲ မဟုတ်ပါဘူး . . .မိန်းမ မရဖြစ်ချင်လို့လား အဲ့မိန်းမဘက်ကလူမှန်သမျှကိုငါလိုက်ကျိန်မှာနော် ဘာမှတ်နေလဲ ဟွန့်"
Kyungsooရဲ့ပိတ်ပြောလိုက်တဲ့စကားကြောင့် Jongdaeမှာ ငိုရအခက်ရီရအခက်ဖြစ်ကော ဒီက သူအာပြဲသံကြီးနဲ့အော်နေတာကို လူတွေကကွက်ကြည့် ကွက်ကြည့်လုပ်နေကြတာ ရှက်လို့ပြောတဲ့ဟာကို
သောက်ကမြင်းလေး တကယ်လဲ Cindyကို မကြိုက်ဘဲနဲ့
သက်သက်ဖင်ယားပီးကွဲ ပြနေတာ ဒီက သူ့ပထွေး မသိဘူးများထင်နေသလားမသိပါဘူး"သဒေါင်းစားလေး ငါကအရှက်လည်းကွဲသေးတယ် အကျိန်လဲခံရဦးမယ်ဆိုတော့ တော်ပြီမင်းဘာသာမင်းဆက်ကွဲ ငါတော့ ခရီးထွက်ဖို့ စာရင်းကောက်ဦးမယ် သွားပြီ"
ခရီး??
ခရီးဆိုလို့ Jongdaeလက်ကိုဖြတ်ခနဲ လှမ်းဆွဲမိလျက်သား
Jongdaeလဲ အောင်နိုင်သူအပြုံးနှင့်လှည့်ကြည့်လာတော့ Kyungsooလဲသွားးကိုအစွမ်းကုန်ဖြီးပြကာ နှစ်ယောက်သားပြိုင်တူခေါင်းညိတ်လိုက်တယ်" မင်းမလိုက်ပါနဲ့လား အိမ်မှာပဲအသည်းကွဲတာကောင်းတယ်ကွ "
"ချီးပဲ မင်းကလည်း အသည်းကွဲရင် ခရီးထွက်မှ နှလုံးသားလေးက freshဖြစ်မှာကွ မသိဘဲနဲ့ "
"ဟားဟား အေးပါ အရူးကောင်ရယ် "
Kyungsooက ခရီးထွက်ရတာကို အသားကုန်သဘောကျသည် အိမ်မှာမနေချင်တာလဲပါတာပေါ့
အိမ်က ကျောင်းရဲ့လေ့လာရေးခရီးတွေ ဘာတွေဆို လုံးဝမလွှတ် သို့သော် Jongdaeဆိုသည့်ကောင်ကြီးက လာပြောပေးရင်တော့ စိတ်ချလက်ချလွှတ်တတ်သည်
Jongdaeက မားတို့သူငယ်ချင်းရဲ့သားဆိုတော့လည်း ကို့အတွက်ဂွင်ပေါ့
Jongdaeကိုတော့ ခရီးအတွက် မုန့်တွေဝယ်ထားပေးရင် ရပါပြီ
ဒီကောင်က မုန့်နဲ့ ဂိမ်းပဲ ခေါင်းထဲမှာထည့်တာဆိုတော့ကာ
အပေးအယူမျှနေတယ်လေ အဲဗရီးသင်းအစ်ဖိုင်း ဘဲ