ကျွန်တော် ချစ်ရတဲ့သူက နှလုံးသားမရှိတဲ့သူ။ ကျွန်တော် သဘောကျတာ သိရဲ့သားတောင် မသိသလိုနေတယ်။ သူက skinship သိပ်မကြိုက်ဘူး။ ကျွန်တော်က ချစ်လို့ အသည်းယားပြီး သူ့ကို စနောက်မိတယ်။ သူက သဘောမကျတော့ ဒေါသထွက်ရော။တစ်ခါလောက် ကိုယ်သူ့အပေါ်ထားတဲ့ သဘောထားလို သူလည်းကိုယ့်အပေါ် ပြန်ထား
ပေးရင်ကောင်းမယ်လို့ တွေးဖူးတယ် အများကြီး မဟုတ်ပါဘူး တစ်ခါလောက်ပဲလေ။ခင်ဗျားကို ချစ်နေရတဲ့ ကျွန်တော့် နှလုံးသားလေး ပင်ပန်းလာသလိုပဲ ~~~
'Donghyuck မလုပ်နဲ့ကွာ'
ရုပ်ရှင်တူတူကြည့်ရင်းနဲ့ ပျင်းလာလို့ Markeu hyungရဲ့နားလေးကို ကိုင်ပြီးဆော့နေမိတယ်။ မကြာပါဘူး သူ့ဆီက ထုံးစံအတိုင်း အသံတွေ ထွက်လာပါပြီ။ ကျွန်တော်ကလည်း မလုပ်နဲ့ဆိုတာ ထပ်လုပ်သေးတယ်။
'Lee Donghyuck မင်းကို မလုပ်နဲ့လို့ ပြောနေတယ်မလား'
ကျွန်တော် လန့်သွားတယ်။ တစ်ခါမှ သူကျွန်တော့်ကို ဒီလောက်ထိ မအော်ဖူးဘူးလေ။ ကျွန်တော်က အော်ခံရရင် ခန္ဓာကိုယ်က တုန်ပြီး မျက်ရည်က ဝဲတက်လာရော။ ဘယ်လို အကျင့်မျိုးပါလိမ့်။ ကျွန်တော် လက်ကို ပြန်သိမ်းလိုက်ပြီး သူ့ကို တောင်းပန်စကားဆိုလိုက်တယ်။
'တောင်း ... တောင်းပန်ပါတယ် hyung'
'မင်းက သူများမကြိုက်တာ လုပ်ရတာ ပျော်နေလား။ လုပ်လို့ဝမှ တောင်းပန်တာနဲ့ ပြီးရောပဲလား'
'Nae hyungကလည်း ဒါလေး စတာကို'
'ဒါလေး စတာကို အော် မင်းကိုငါ မကြိုက်ဘူးလို့ ပြောတာ ဘယ်နှစ်ခေါက်ရှိပြီလဲ မင်းက ကြာလေ စိတ်ရှုပ်ဖို့ ကောင်းလေပဲ တော်ပြီ ငါပြန်တော့မယ်'
အရင်နေ့ကလည်း စနေကြပဲလေ။ ဒီနေ့ကျမှ အရမ်းတွေကို ဒေါသထွက်နေပါလား။ ကျွန်တော် စတာ အရမ်းများသွားလို့လား။ သူ့ နားရွက်ကို ကိုင်ရုံပဲကိုလေ။ အရင်ကဆို ဒီ့ထက် အများကြီးတောင် ပိုစသေးတာကို။
YOU ARE READING
NCT DREAM - One Shot Collections
FanfictionOne Short Story *Zawgyi & Unicode version available *