'ကိုကိုRen ... ကိုကို ကိုကိုဆို'
'ဘာလဲကွာ'
'ကိုကို minminကို စိတ်ဆိုးနေတာလား'
'မဆိုးပါဘူး'
'မဆိုးဘူးသာ ပြောတယ် မျက်နှာလေးက ဆူပုတ်ပြီး နှုတ်ခမ်းက minmin ကိုတောင် ထိတော့မယ်'
'ဘာ Jaemin'
'တွေ့လား ကိုကို စိတ်ဆိုးနေတယ်မလား minmin ကို'
'အေးကွာ ဆိုးနေတယ်'
'minmin ဘာလုပ်မိလို့လဲ ကိုကိုကလည်း'
'ဘာလုပ်မိလို့လဲ ဟုတ်လား မင်းငါ့ပြောစကား နားထောင်လား minmin'
'နားထောင်တယ်လေ ကိုကိုကလည်း'
'ဘာ နားထောင်တယ် !'
'ဖြေးဖြေးပြောပါ ကိုကိုကလည်း မအော်ပါနဲ့'
'အော် အေး အေး'
'minmin ဘာလုပ်မိလို့လဲလို့ ကိုကို'
'ဘာလုပ်မိလို့လဲ ဟုတ်လား'
'အင်း'
'ကောင်းပြီ ပြောပြရတာပေါ့'
'အိမ်ထဲဝင်ပြီးမှ ပြောရအောင်လေ ကိုကို လမ်းမကြီးမှာ ပြောမို့လား'
'လိုက်ခဲ့'
Renjunနောက်ကနေ လိုက်လာခဲ့သည်။ အိမ်ထဲရောက်တော့ Hyungမေမေတို့ကမရှိ၊ အပြင်သွားသည်တဲ့။ အကူအညီရအောင် အိမ်ထဲပဲ စကားပြောမယ်လို့ ပြောခဲ့မိတာ ခုတော့ အကူအညီကမရှိ။
ကဲ .. ကဲ Jaemin ရေ Fighting & Brave urself ပါကွာ 😢 ကိုကိုမျက်နှာက တော်တော် စိတ်ဆိုးနေပုံ၊ လန့်ပါတယ်နော် Minmin အရမ်းလန့်ပါတယ်။ တွဲလာတဲ့ နှစ်အတွင်းမှာ ဒီလိုစိတ်ဆိုးတာ အဆိုးဆုံးပဲ။
သူ့သွားတဲ့နောက် ထက်ကြပ်မကွာ လိုက်တက်ခဲ့သည်။ အခန်းထဲဝင် လွယ်အိတ်ကို စာကြည့်စားပွဲပေါ် တင်ပြီး ကိုယ့်ဘက်လှည့်ကြည့်သည်။ သူကြည့်တော့ ကြောက်လို့ ခေါင်းကိုငုံ့လိုက်သည်။
'ထိုင်လေ မထိုင်တော့ဘူးလား မတ်တပ်ပဲ ရပ်နေတော့မှာလား'
YOU ARE READING
NCT DREAM - One Shot Collections
FanfictionOne Short Story *Zawgyi & Unicode version available *