Ep.64

575 96 18
                                    


Yeonjun - ဓားထိုးခံရတဲ့ကောင်လေးအခန်းဘယ်လောက်မှာလဲ?

Nurse - ရှင်က choi yeonjun?!!!!!!!

yeonjun - အရေးကြီးလို့အခန်းနံပါတ်အမြန်ပြောပေးပါ

Nurse - ခဏနော် အခန်း ၅၀၂ ပါ

yeonjun - အင်းကျေးဇူးပါ

yeonjun ခြေလှမ်းတွေကိုအရှိန်တင်ပီးပြေးမိတယ်
အခန်းရှေ့ရောက်တော့ HueningKai ထွက်လာတာကိုတွေ့လိုက်တယ်

yeonjun - HueningKai soobin အဆင်ပြေရဲ့လား

Hueningkai - အဆင်ပြေတယ် hyung
ခုထိတော့မနိုးသေးဘူး

yeonjun - အင်း မိုးချူပ်နေပီ ပြန်လိုက်တော့လေ
Hyung စောင့်ပေးလိုက်မယ်

Hueningkai - အင်း အဲ့ဆိုဒီည soobin ကိုဂရုစိုက်ပေးပါအုံး

yeonjun hueningkai ကိုနှုတ်ဆက်ပီး အခန်းထဲဝင်သွားတယ် အခန်းထဲရောက်တော့ကုတင်ပေါ်မှာအိပ်နေတဲ့soobin ကိုတွေ့လိုက်တယ်

yeonjun soobin လက်ကိုကိုင်ပီးနမ်းလိုက်တယ်

yeonjun - ကိုယ်တောင်းပန်ပါတယ်ကလေးရယ်
ကိုယ်လာကြိုခဲ့သင့်တာ ကိုယ့်ကလေးကိုလုပ်ကြံတဲ့သူကိုကိုယ်ခွင့်မလွှတ်ဖူး ကိုယ်ဒီထက်ကြိုသိခဲ့သင့်တာ

yeonjun ကိုယ့်ကိုယူကြုံးမရဖစ်ပီးငိုမိတယ်
ငိုနေစဉ် မျက်ရည်လာသုတ်ပေးတဲ့လက်တစုံကြောင့်မော့ကြည့်လိုက်တော့ ပြုံးပြနေတဲ့soobin ကိုတွေ့လိုက်တယ်

Soobin - မငိုပါနဲ့ soobin အတွက်မငိုပါနဲ့

Yeonjun - သတိရပီလားကလေး ကိုယ်ဆရာဝန်ခေါ်ပေးရမလား

yeonjun ရဲ့အမေးကို soobin ခေါင်းခါပြလိုက်တယ်
yeonjun soobin ကိုထူပေးနေရင်း soobin ပြောလိုက်တဲ့စကားကြောင့် yeonjun အချိန်တွေရပ်တန့်သွားသလိုပဲ

Soobin - လမ်းခွဲရအောင်

yeonjun - ဟင် ကလေးတနေရာကနာလို့လား

Soobin - မဟုတ်ဘူး လမ်းခွဲပေးပါ

Soobin ပြောရင်းရှိုက်သံတွေရော မျက်ရည်တွေရောထွက်လာတယ် yeonjun soobin ကိုဆွဲဖက်လိုက်တယ်

yeonjun - ဘာလို့လဲပြော ကိုယ့်ကိုပြော

Soobin - ကြောက်နေခဲ့တာ hyungသီချင်းဆိုတာကိုနောက်ထပ်မတွေ့မှာကြောက်နေခဲ့တာ
ကြယ်ဆိုတာအဝေးကကြည့်ရင်းလိုချင်ပီး နီးကပ်လာတော့ပိုမက်မောလာတယ် ရပ်လိုက်သင့်ပီထင်တယ်
ဒီထက်ပိုပီးလောဘမတက်မိခင်

 - Fanboy - SEASON 1  [ YeonBin AU ] Where stories live. Discover now