~2015~
မှိုင်းညှို့နေသော မိုးသားများကြောင့်ထင့် သူ အိမ်ပြန်ရာ လမ်းလေးမှာ ပုံမှန်လူရှင်းသည်ထက်ကို ပို၍ရှင်းနေခဲ့သည်။ သူသည် လမ်းကို ခပ်ဖြေးဖြေးလျှောက်လာရင်း တစ်နေရာအရောက် မောသွားဟန်ဖြင့် ပင့်သက်တစ်ခုရှိုက်ထုတ်လိုက်ရင်း ထိုနေရာ ပလက်ဖောင်းပေါ်တွင်ပင် ငုတ်တုတ်ထိုင်ချလိုက်၏။
ထို့နောက် သူနှင့် မျက်စောင်းထိုး မလှမ်းမကမ်းရှိ တီဗီအဟောင်းပြင်ဆိုင်မှ လမ်းဘက်ကို မျက်နှာမူကာ ဖွင့်ထားသော တီဗီများရှိရာသို့ သူ့မျက်လုံးများ ရောက်ရှိသွားခဲ့သည်။ တီဗီဖန်သားထက်တွင် ပြသနေသည်ကား နာမည်ကြီးလာတာ သိပ်မကြာသေးသော အဆိုတော်အဖွဲ့လေး၏ ကြော်ငြာတစ်ခု ဖြစ်သည်။
ထိုကြော်ငြာအား တစိုက်မတ်မတ် ကြည့်နေသည့် သူ့မျက်လုံးများသည် သူ့မျက်နှာပေါ်သို့ တစ်စက်ချင်း ကျလာသည့် ရေစက်လေးများကြောင့် အုံ့မှိုင်းနေသော ကောင်းကင်ကြီးဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
"မိုးရွာပြီပဲ......."
♡ ♡ ♡
Finding love standing right where we are, your lips
They pull me in the moment
You and I alone, and
People may be watching
I don't mind 'cause
Anywhere with you feels right
Anywhere with you feels like
Paris in the rain-Paris in the rain(Lauv)
♡ ♡ ♡
~2011~
ဖွဲဖွဲလေးကျနေသော မိုးစက်များကြား ခုံတန်းလေးပေါ်တွင် ခေါင်းငိုက်စိုက်နှင့် ထိုင်နေသည့် တစ်ယောက်သောသူကြောင့် Jongin အပြေး သွားရင်း ထီးမိုးပေးလိုက်သည်။
"Sehun.......ဘာလို့ ဒီမှာ ထိုင်နေတာလဲ မိုးကျနေတာကို........"
"Jongin.......ငါ auditionဖြေတာ ထပ်ကျပြန်ပြီ........"
YOU ARE READING
Our Songs
Fanfictionအရမ်းကြိုက်တဲ့ သီချင်းလေးတွေနဲ့ song ficလေးတွေ စုပြီးရေးသွားမှာပါ😄❤