4

626 90 15
                                    

" ချီးယားစ်! "

ဘီယာခွက်ချင်းတိုက်သံတို့ဆူညံသွားတဲ့
တိုက်ခန်းငယ်တစ်ခုထဲ ကောင်လေးတစ်စု
သောက်စားပျော်ပါးလျက်ရှိနေကြ၏။

" ပြန်လာတာကြိုဆိုပါတယ်ဆယ်ဟွန်း "

" ကျေးဇူးဘဲ "

ချန်ယောလ်၏ဝမ်းပန်းတသာကြိုဆိုသံကို
ဆယ်ဟွန်းကတုံးတိတိစကားဖြင့်တုံ့ပြန်၏။
ဤတွင် ချန်ယောလ်လေး၏မျက်နှာမှာ
ထိန်းမရစွာပျက်ယွင်းသွားပြီး မအီမလည်
ဖြစ်သွားရရှာလေ၏။အနှီအေးစက်စက်အထာနဲ့
အိုဆယ်ဟွန်းကိုကြည့်ပြီး စိတ်ထဲကနေ
ကြိတ်ပြောမိလိုက်သည်။

*စောက်ချေကောင်ကြီး....

ဟုတ်သည် အိုဆယ်ဟွန်းဆိုသည်က
ဗြောင်ဘတ်ခ်ဟျွန်းကလွဲဘယ်သူမှ
လူမထင်သည့်အချေကောင်ပင်ဖြစ်သည်><

ဘတ်ခ်ဟျွန်းနဲ့ကြိုက်ပြီးမှ ချန်ယောလ်တို့နဲ့
ခင်မင် အဲ မဟုတ်သေးဘူး ရင်းနှီးလာတယ်ဘဲ
ပြောရမည်ပေါ့ ခင်ကြတယ်ဆိုတဲ့စကားက
ဒီအခြေအနေနဲ့လားလားမှမသက်ဆိုင်ဘဲ!

ဗြောင်ဘတ်ခ်ဟျွန်းနဲ့ဆို သူ၏ ရေခဲတုံးလို
အေးစက်စက်အမူအကျင့်တွေအကုန်
အစရှာမရအောင်ပျောက်ကုန်ပြီး အရမ်း
ချစ်တတ်သူကြီးလိုပြုမူတတ်လေ၏။
ဗြောင်ဘတ်ခ်ဟျွန်းမဟုတ်တဲ့သူတွေကိုဆို
ခုလိုဘဲ အေးစက်စက်နဲ့မပြောချင်ပြောချင်
ဒီဇိုင်းကာလာအနေအထားနဲ့ပင်ဖြစ်သည်။
နဲနဲတော့အောင့်သက်သက်ဖြစ်ပေမဲ့
ကိုယ့်သူငယ်ချင်းရဲ့ရည်းစားဆိုတော့လဲ
အပြစ်တော့မတင်မိခဲ့။ဒီလိုဘဲ စိတ်ထဲက
ကြိတ်ဆဲရင်း ဖာသိဖာသာနေလိုက်တာပင်။

" ကျွန်တော်မရှိတုန်း ကျွန်တော့်အချစ်ကော
အစစအရာရာအဆင်ပြေရဲ့လား? "

ဆယ်ဟွန်းရဲ့အင်မတန်သိလိုစွာမေးလေသော
ထိုအမေးကြောင့် ချန်ယောလ်ခမျာ
စားပြီးသားတွေဘဲပြန်အန်ထွက်ချင်သလိုလို
ခံစားလိုက်ရသည်။တကယ်ဆို သူတို့
နှစ်ယောက်ရဲ့ပက်သတ်မှုကိုချန်ယောလ်တို့
သိထားပြီး အနှီနှစ်ယောက်၏အခုလို
ချွဲပစ်တဲ့အခေါ်အဝေါ်တွေနဲ့လဲ ချန်ယောလ်တို့
ရင်းနှီးပြီးသားဖြစ်သည်။သို့တိုင် ဒီလို
ချွဲပစ်မှုတွေနဲ့ချန်ယောလ်ဟာ
အသားမကျသေးသလိုပင်။မဆီမဆိုင်
ဟိုနေ့ကသူ့အားကိုကိုဟုခေါ်သွားသော
ဒိုဂျောင်ဆူးတောင်ပြေးသတိရမိသလို။

You've reached the end of published parts.

⏰ Last updated: May 05, 2019 ⏰

Add this story to your Library to get notified about new parts!

💕 Love Scenario 💕Where stories live. Discover now